A d v e r t i s e m e n t With Us

တရုတ်တွင် ဂက်စ်အိုးဖြည့်ရာမှာ ကြောက်မက်ဖွယ် မီးလောင်မှုဖြစ်ပွား (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း ယန်းဇုခရိုင်ရှိ ဝူရှီမြို့မှာ ဧပြီ ၁၇ ရက်နေ့က ဂက်စ်ကုမ္ပဏီတခုရဲ့ ဂက်စ်အိုးဖြည့်ရာနေရာမှာ မီးလောင်မှုဖြစ်ခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ မီးငြှိမ်းသတ်နိုင်ခဲ့လို့ အကြီးအကျယ်ပေါက်ကွဲမယ့်အဖြစ်မှ လွတ်သွားတယ်လို့ သိရပါတယ်။ မီးက မနက် ၉ နာရီခွဲလောက်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး တချို့ဂက်စ်အိုးတွေက မီးတောက်နေချိန်မှာ ဂက်စ်အိုး ရာပေါင်းများစွာရှိနေတဲ့ နေရာကို အလုပ်သမားတချို့ မီးငြှိမ်းသတ်နေတာ ရုပ်သံထဲမှာ မြင်ရပါတယ်။ မီးသတ်သမားတွေ ရောက်ချိန်မှာ ဂက်စ်အိုး ရာပေါင်းများစွာ မီးလောင်နေဆဲဖြစ်ပြီး အလုပ်ရုံရဲ့ မျက်နှာကြက်လည်း ပြိုပျက်ကျနေတာကို တွေ့ရတာပါ။ မီးသတ်သမားတွေက လူစုခွဲ မီးသတ်ပိုက်ကြီးတွေနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး အလုပ်ရုံက အလုပ်သမားတွေကို ဂက်စ်အိုးတွေ အဝေးကို သယ်ရွှေ့ခိုင်းခဲ့တာပါ။ အဲ့ဒီနောက် ၂ နာရီလောက်ကြာပြီးတဲ့အခါ မီးလုံးဝငြိမ်းသွားပြီး ဒီအခင်းဖြစ်ပွားမှုမှာ တဦးတယောက်မှ ဒဏ်ရာမရဘူးလို့ သိရပါတယ်။ မီးလောင်မှုဖြစ်ရတဲ့ အကြောင်းကို စုံစမ်းဆဲလို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up