A d v e r t i s e m e n t With Us

လမ်း၊ တံတား၊ လေဆိပ်များ ပြုပြင်ရေး ဘီလီယံ ၁၀၀၀ သုံးမည်ဟု ထရမ့်ပြော

အမေရိကားရဲ့ လမ်းတွေ၊ တံတားတွေ၊ လေဆိပ်တွေ တည်ဆောက်ပြုပြင်ရေးတွေမှာ ဒေါ်လာ ဘီလီယံ ၁၀၀၀ ရင်းနှီးမြှုပ်နှံသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ ဧပြီ ၁၈ ရက်နေ့က ဝစ္စကွန်စင်ပြည်နယ်၊ ကန်နိုရှာမြို့က WTMJ ရေဒီယိုအင်တာဗျူးမှာ အခုလို ပြောကြားလိုက်တာပါ။ သမ္မတထရမ့်က “အမေရိကန်ပစ္စည်းတွေကို ဝယ်ပါ၊ အမေရိကန်နိုင်ငံသားတွေကို အလုပ်ခန့်ပါ” လို့ နာမည်ပေးထားတဲ့ သမ္မတအမိန့်စာကို လက်မှတ်ရေးထိုးဖို့နဲ့ ယာယီနိုင်ငံခြားသား အလုပ်သမားဗီဇာဥပဒေကို ပြန်လည်စစ်ဆေးပြုပြင်ဖို့ ကန်နိုရှာမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ သမ္မတအမိန့်စာမှာ အစိုးရဌာနဆိုင်ရာ ဝယ်ယူမှုတွေ လုပ်တဲ့အခါ အမေရိကန်ထုတ် ကုန်ပစ္စည်းတွေကို ဝယ်ယူအသုံးပြုဖို့ တိုက်တွန်းချက်တွေပါတယ်လို့ သိရပါတယ်။ WTMJ ရေဒီယိုက အင်တာဗျူးမှာ မြောက်ကိုရီးယားရဲ့ မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုတွေနဲ့ မအောင်မြင်ခဲ့တဲ့ နောက်ဆုံးဒုံးကျည်ပစ်လွှတ်မှုတွေ အကြောင်းမေးမြန်းရာမှာ “တရုတ်က မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေအပေါ် လွှမ်းမိုးနိုင်တဲ့ အင်အားရှိတယ်။ ဒါပေမယ့် အမြဲတမ်းတော့ သတိထားနေဖို့လိုတယ်” ပြန်ဖြေခဲ့ပါတယ်။ သမ္မတ ထရမ့်က ရီပတ်ဘလစ်ကန်တွေ ထောက်ခံအားပေးခဲ့တဲ့ အိုဘားမားကဲကို ပြန်လည်ပြုပြင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံသားတွေ အမြတ်ထွက်စေရပါမယ်လို့ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up