Home
မြန်မာသတင်း
မိတ္ထီလာတွင် ဆိုင်ကယ်၂ စီး မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦး သေ
DVB
·
April 19, 2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်၊ ပုလဲဈေးလမ်းဆုံအနီးမှာ ဧပြီလ ၁၈ ရက် ည ၈ နာရီလောက်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး ၁ ဦး သေဆုံးသွားပါတယ်။ “အရှေ့မှအနောက်ကို မောင်မျိုး မောင်းလာတဲ့ ဆိုင်ကယ်မှာ တဖက်ယာဉ်ကြောအတွင်း ရောက်ရှိသွားပြီး အနောက်မှ အရှေ့ မျက်နှာချင်းဆိုင်လာတဲ့ နေမျိုးသွေး ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိတယ်။ မောင်မျိုး ခေါင်းညာဘက်ချိုစောင်း ပေါက်တယ်။ နှာခေါင်း သွေးထွက်နေတယ်။ ညာဘက်တံတောင် ပါးပွန်းပြီး ရောင်နေတယ်။ မိတ္ထီလာဆေးရုံမှာ သေဆုံးပါတယ်။ နေမျိုးသွေးက ညာဘက်ဆီးခုံ နာကျင်ဒဏ်ရာရတယ်။ ဆေးရုံပို့ထားပါတယ်” လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျ ဒုရဲအုပ်တင်မျိုးဆွေက ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်းက တဖက်ယာဉ်ကြောတွင်း ဝင်ရောက်တိုက်မိပြီး သေဆုံးသွားတဲ့ မောင်မျိုးကို ယာဉ်မဆင်မခြင် မောင်းနှင်ပြီး လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024