A d v e r t i s e m e n t With Us

မကွေးမြို့ ကာရာအိုကေဆိုင်မီးလောင်မှုတွင် ဒဏ်ရာရသွားသည့် အမျိုးသမီး ၁ ဦးသေဆုံး

မကွေးမြို့ ရွှေမြတ်မင်းသမီး ကာရာအိုကေနဲ့ စားသောက်ဆိုင်မီးလောင်မှုမှာ မီးလောင်ဒဏ်ရာတွေရပြီး မကွေးဆေးရုံကြီးမှာ ဆေးကုသခံနေရတဲ့ အမျိုးသမီး ၁ ဦး ဧပြီလ ၁၈ ရက်နေ့မှာ ထပ်မံသေဆုံးသွားပါတယ်။ ပြီးခဲ့တဲ့ဧပြီ ၂ ရက်ညက မကွေးမြို့ သစ္စာလမ်းနဲ့ မြင်သာရပ် ၂၉  လမ်းထောင့်အနီးရှိ ရွှေမြတ်မင်းသမီး ကာရာအိုကေနဲ့ စားသောက်ဆိုင် မီးလောင်မှုကြောင့် တပ်မတော်သား ၂ ဦး အပါအ၀င် အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၄ ဦး သေဆုံးသွားခဲ့တာပါ။ အဆိုပါ မီးလောင်မှုမှာ မီးလောင်ဒဏ်ရာရတဲ့ မခိုင်ဝတ်ရည်စိုး အသက် ၁၉ နှစ် ဟာလည်း မကွေးတိုင်းဆေးရုံကြီးမှာ ဆေးကုသခံယူနေရာကနေ သီတင်း ၂ ပတ်ကျော်အကြာ ဧပြီလ ၁၈ ရက်နေ့က သေဆုံးသွားပြီး  ဧပြီ ၁၉ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။ အဲဒီမီးလောင်မှုနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် မကွေးတိုင်းအစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆို ဧပြီ ၆ ရက်ကကျင်းပတဲ့ မကွေးတိုင်း ဒေသကြီးလွှတ်တော်အထူးအစည်းအဝေးမှာ  မကွေးမြို့ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်ထိတော့ အစိုးရဘက်က တရားဝင် အကြောင်းပြန်ကြားခြင်းမရှိသေးဘူးလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။ လက်ရှိအချိန်မှာတော့ ကာရာအိုကေဆိုင်မီးလာင်မှုဖြစ်ပွားခဲ့တဲ့ မကွေးမြို့ပေါ်ရှိ ကေတီဗွီဆိုင် ၂၆ ဆိုင်ကို  စိစစ်ဖို့ ဧပြီ ၁၁ ရက်ကတည်းက ပိတ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up