Home
မြန်မာသတင်း
ပြန်လွတ်လာသည့်​ သံဃာများ​ကို သိက္ခာထပ်ပွဲ ကျင်း​ပ​ပေး​မည်
ရွှေအောင်
·
January 20, 2012
အကျဉ်း​ထောင်အသီး​သီး​က ပြန်လည် လွတ်​မြောက်လာကြတဲ့​ ရဟန်း​သံဃာ​တော်​တွေကို သိက္ခာထပ်မင်္ဂလာပွဲ ကျင်း​ပ​ပေး​ဖို့​ရှိပါတယ်။ သိက္ခာထပ် မင်္ဂလာပွဲကို ဒဂုံမြို့​သစ် အ​ရှေ့​ပိုင်း​မြို့​နယ်၊​ မ​ကွေး​ပရိယတ္တိ စာသင်တိုက် ဆရာ​တော် ဦး​ပါ​မောက္ခက ဦး​စီး​ ကျင်း​ပမှာဖြစ်ပြီး​ ဇန်နဝါရီ ၂၁ ရက် မနက် ၉ နာရီ ကျင်း​ပပြုလုပ်မှာပါ။ ဆရာ​တော်ဦး​ပါ​မောက္ခက“မြန်မာနိုင်ငံ အကျဉ်း​ထောင် အသီး​သီး​မှ လွတ်​မြောက်လာ​သော ရဟန်း​ သံဃာ​တော်များ​၊​ ဦး​ဂမ္ဘီရနှင့်​တကွ သံဃာ​တော်အပါး​ ၃၀၊​ ပင့်​သံဃာ ၁ဝ ပါး​ ​ပေါင်း​ သံဃာ​တော်အပါး​ ၄ဝ​လောက် သိမ်ဆင်း​ပြီး​တော့​ ဘုန်း​ကြီး​တို့​ဟာ ထိုရဟန်း​သံဃာ​တွေကို သာသနာ့​ဝန်ကို ပြန်လည် ထမ်း​ဆောင်နိုင်ရန်အတွက် မြန်မာတပြည်လုံး​မှာ ရှိတဲ့​ သာသနာ​တော်ကို ကြည်ညို​လေး​စား​တဲ့​ ပုဂ္ဂိုလ်​တွေအား​လုံး​ လှူဒါန်း​ခွင့်​ရ​အောင် သာသနာပြုခွင့်​ရ​အောင် ဘုန်း​ကြီး​က စီမံပြီး​တော့​ သံဃာ​တော်​တွေကို သိမ်ထပ်တဲ့​ပွဲ ပြုလုပ်မှာပါ” လို့​ မိန့်​ပါတယ်။ ဇန်နဝါရီ ၂၁ ရက်မှာ ပြုလုပ်မယ့်​ သိက္ခာထပ်မင်္ဂလာပွဲကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင်​တွေ၊​ လူမှု​ရေး​အသင်း​အဖွဲ့​တွေ နိုင်ငံ​ရေး​တက်ကြွလှုပ်ရှား​သူ​တွေ အား​လုံး​ကို ဖိတ်စာနဲ့​တကွ ဖိတ်ကြား​ထား​တယ်လို့​လည်း​ ဆရာ​တော်က မိန့်​ပါတယ်။ သာသနာ့​တာဝန်​တွေ ပြန်လည် ထမ်း​ဆောင်ဖို့​အတွက် သိက္ခာထပ်မယ့်​ ဆရာ​တော်​တွေထဲမှာ ၂၀၀၇ ​ရွှေဝါ​ရောင်​တော်လှန်​ရေး​ဦး​ဆောင်ဆရာ​တော် အရှင်ဂမ္ဘီရအပြင် မဂ္ဂင်​ကျောင်း​တိုက် ဆရာ​တော် ဦး​ဣန္ဒက၊​ ဦး​ပညာစာရ (စစ်​တွေ) စတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​ ဆရာ​တော်​တွေ ပါဝင်ပါတယ်။ အခုသိက္ခာထပ်မယ့်​ထဲမှာပါတဲ့​ ရဟန်း​သံဃာ​တော်​တွေနဲ့​ ပတ်သက်ပြီး​ မ​ကွေး​ပရိယတ္တိစာသင်တိုက် ဆရာ​တော် ဦး​ပါ​မောက္ခက ခုလို မိန့်​ကြား​ခဲ့​ပါတယ်။ “ဘုန်း​ကြီး​ပြောချင်တာက​တော့​ မြန်မာနိုင်ငံမှာ အကျဉ်း​ထောင် အသီး​သီး​မှာ ကျ​ရောက်​နေ​သော ရဟန်း​သံဃာ​တော် အရှင်သူမြတ်များ​သည် ပါရာဇိက သိက္ခာပုဒ် ၄ ပုဒ်ကို ကျူး​လွန်ခြင်း​ကြောင့်​လည်း​ မဟုတ်ပါဘူး​။ ရာဇဝတ်မှု ကျူး​လွန်ထား​တဲ့​ ရဟန်း​သံဃာ​တော်​တွေလည်း​ မဟုတ်ပါဘူး​။ အမှန်တကယ် တရား​မျှတမှုကို လိုလား​သော​ကြောင့်​ အကျဉ်း​ကျခံရ​သော သာသနာ့​ အာဇာနည်များ​ဖြစ်ပါသည်။ ထိုသာသနာ့​ အာဇာနည်များ​ ဗုဒ္ဓဘာသာဝင် သူ​တော်စင်တို့​က ယုံယုံကြည်ကြည် ​လေး​လေး​စား​စား​ဖြင့်​ ကြည်ညိုပြီး​ သဒ္ဓါတရား​ ပွား​များ​စေချင်ပါသည်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024