A d v e r t i s e m e n t With Us

စိန့်ပီတာစဘာ့ဂ်ပုံစံမျိုး လန်ဒန်တွင် ဗုံးဖောက်ခွဲမည်ဟု အိုင်အက်စ် ခြိမ်းခြောက်

အခုလအစောပိုင်းက ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့မှာ လူ ၁၅ ဦး သေဆုံးစေတဲ့ ဗုံးမျိုးကို သုံးပြီး လန်ဒန်မှာလည်း တိုက်ခိုက်ဖို့ အိုမာဟူစိန်ဆိုတဲ့ ကုန်တိုက်ဝန်ထမ်းဟောင်းက ဆိုရှယ်မီဒီယာပေါ်က သူရဲ့နောက်လိုက်တွေကို တိုက်တွန်းခဲ့ပါတယ်။ ဗြိတိန် ဈေးဝယ်စင်တာကြီးရဲ့ ဝန်ထမ်းဘဝကနေ သွေးဆာနေတဲ့ အိုင်အက်စ်ဂျီဟက်တစ်ဦးဖြစ်လာသူက လန်ဒန်မြို့မှာ ဗုံးဖေါက်ခွဲမှုတွေ လုပ်ဖို့ အယူအဆအသစ် ရိုက်သွင်းခံထားရတဲ့ တယူသန်တက်ကြွသူတွေကို စုဆောင်းနေတာပါ။ ဗြိတိန်ရဲ့ မြို့တော်မှာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု လုပ်ဖို့ မောရစ်ဆင်ကုန်တိုက်ကြီးရဲ့ လုံခြုံရေးဝန်ထမ်းဟောင်းဖြစ်သူ အိုမာဟူစိန် အသက် ၃၀ နှစ်က သူ့ရဲ့နောက်လိုက်တွေကို လျှို့ဝှက်သင်္ကေတနဲ့ ရေးသားထားတဲ့ မက်ဆေ့ခ်ျတွေ ပို့ပြီး တိုက်တွန်းနေတာလို့ The Sun ရဲ့ ဧပြီလ ၁၇ ရက်နေ့ သတင်းမှာ ရေးထားပါတယ်။ လူမှုကွန်ရက်သုံးတဲ့ သူရဲ့နောက်လိုက်တွေကို ဗုံးလုပ်နည်း ညွှန်ကြားထားတာကိုလည်း ဟူစိန်က လူမှုကွန်ရက်မှာ တင်ခဲ့တယ်လို့ မေရာသတင်းမှာ ရေးထားပါတယ်။ အိုမာဟူစိန်က ၂၀၁၃ ခုနှစ်မှာ ဘက်ကင်ဟမ်ရှိုင်းယားဒေသကနေ ထွက်ပြေးပြီး ဆီးရီးယားမှာရှိတဲ့ အယ်လ်ကိုင်းဒါးနဲ့ ပက်သက်တဲ့ အုပ်စုတစ်ခုထဲ ဝင်ခဲ့ပါတယ်။ အဲ့ဒီနောက် မကြာခင်မှာပဲ ယူကေမှာ “ဘာသာရေးစစ်” ဆင်နွှဲဖို့ တိုက်တွန်းတောင်းဆိုနေတဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ထဲကို ဝင်ခဲ့တာပါ။ မနှစ်ဒီဇင်ဘာတုန်းက လက်နက်နဲ့ ဖောက်ခွဲပစ္စည်းတွေအတွက် ငွေရဖို့ ပါတီသွားလာပျော်ပါးသူတွေကို ဓားပြတိုက်ဖို့ စစ်သွေးကြွတွေကို ဟူစိန်က တိုက်တွန်းခဲ့ပါသေးတယ်။ ဗြိတိန်မှာ ရှိနေတဲ့ အိုင်အက်စ်ကွန်ရက်ကလည်း ခရစ္စမတ်အချိန်ရောက်ရင် မွတ်စလင်မဟုတ်သူတွေမှာ ငွေတွေအများကြီးရှိလို့ လုယက်ဖို့က အချိန်ကောင်းလို့ လျှို့ဝှက်သတင်းစကားပေးခဲ့ပါတယ်။ ဗြိတိန်က မထွက်ပြေးခင် တက္ကသိုလ်မှာ အိုင်တီဘာသာရပ်နဲ့ ဘွဲ့ရခဲ့တဲ့ ဟူစိန်က အစ္စလာမ္မစ်နိုင်ငံတော်က ကျောင်းသားတွေကို ဂရက်ဖစ်ဒီဇိုင်းတွေ သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up