ဧပြီလ ၁၉ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၅၆ ကျပ်၊ ၁ ယူရိုငွေကို ၁၄၅၅ ဒသမ ၁ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၉၇၁ ဒသမ ၃၅ ကျပ်၊ ဂျပန် ယန်း ၁၀၀ ကို ၁၂၅၀ ဒသမ ၇ ကျပ်၊ တရုတ် ၁ ယွမ်ကို ၁၉၇ ဒသမ ၀၄၊ မလေးရှား ၁ ရင်းဂစ်ကို ၃၀၇ ဒသမ ၄၅ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၉ ဒသမ ၄၈ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၁၁၅၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၁၁၇၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၈၆ ဒသမ ၅၀ ဒေါ်လာ ဈေးပေါက်ပါတယ်။