Home
မြန်မာသတင်း
သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးတရားခံပေါင်း ၁၀၀ ကျော်ဖမ်းဆီးရမိ
DVB
·
April 19, 2017
အခုနှစ် သင်္ကြန်ကာလအတွင်းမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု မနှစ်ကထပ်ပိုများလာပြီး  မူးယစ် ဆေးဝါး တရားခံပေါင်း ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။ ၂၀၁၇ ဧပြီ ၁၂ ရက်ကနေ ၁၆ ရက်အထိ မူယစ်ဆေးဝါး အမှုပေါင်း ၇၀ နဲ့ တရားခံ အမျိုးသား ၉၄ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၀၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိမှုတွေထဲမှာ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၄၀၄၀၇ပြား၊ အိုက်စ် ၉ ကီလိုကျော်၊ ဘိန်း ပမာဏ ၆ ဒသမ ၆၀၃ ကီလို၊ ဘိန်းဖြူ ၀ ဒသမ ၀၄၄၉ ကီလို၊ ဘိန်းစာမှုန့် ၇ ဒသမ ၃၇၀၀၀၊ ဆေးခြောက် ၀ ဒသမ ၂၄၂၄၆ ကီလိုစသဖြင့်ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ သင်္ကြန်ကာလတုန်းကတော့ မူးယစ်ဆေးဝါးအမှုပေါင်း ၅၄ မှုနဲ့ တရားခံပေါင်း ၇၈ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၇ မဟာသင်္ကြန်ကာလ ဧပြီ ၁၃ ရက်ကနေ ၁၆ ရက်အတွင်းမှာ နိုင်ငံတ၀န်း သေဆုံးသူ စုစုပေါင်း ၂၈၅ ဦးရှိပြီး ဒဏ်ရာရသူပေါင်းကတော့ ၁၀၇၃ ဦးရှိတယ်လို့လည်း ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024