Sunday, June 11, 2023
HomeLead Storyမြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဒေ့ဗ်လက်ဒက် ချန်ပီယံဘွဲ့ ဆက်ထိန်း (ရုပ်သံ)

မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဒေ့ဗ်လက်ဒက် ချန်ပီယံဘွဲ့ ဆက်ထိန်း (ရုပ်သံ)

တတိယအကြိမ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပြိုင်ပွဲ LETHWEI in Japan 3 GRIT မှာ လက်ရှိ မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ဒေ့ဗ်လက်ဒက် (ကနေဒါ) က စိန်ခေါ်သူ အက်ဒမ် (ဩစတြေးလျ) ကို ၅ ချီထိုးသတ်ပြီး ပူးတွဲသရေကျကာ ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကို မြန်မာနိုင်ငံ သမိုင်းဝင် ပုဂံဘုရားများ ထိန်းသိမ်းပြုပြင်စောင့်ရှောက်ရေး ရန်ပုံငွေပွဲအဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့ ကိုရာခုအန်း (Korakuen) မှာ ဧပြီ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တာပါ။

ချန်ပီယံ ဒေ့ဗ်ဟာ ဒုတိယအချီမှာ ညာလက်ညှိုးကျိုးခဲ့လို့ တံတောင်နဲ့ ခြေထောက်ကိုပဲ အများဆုံး အသုံးပြုခဲ့ပြီး သူ့ရဲ့ အားသာတဲ့ ညာလက်ကို အသုံးမပြုနိုင်ခဲ့ပါဘူး။

တခြား မြန်မာလက်ဝှေ့ကျော်တွေနဲ့ ပြည်ပလက်ဝှေ့သမား တွဲဆိုင်းပွဲတွေဖြစ်တဲ့ ၈၀ ကီလိုတန်းမှာ မြန်မာနိုင်ငံ ချန်ပီယံဟောင်း စောငမန်း (မြန်မာ) က တာရိုဟီကိုခူဘို (ဂျပန်) ကို လည်းကောင်း၊ ၆၅ ကီလိုတန်းမှာ သားအသဲတပွင့် (မြန်မာ) က ဟီကာရိုဟာဆူမီ (ဂျပန်) ကို လည်းကောင်း၊ ၆၀ ကီလိုတန်းမှာ ဆလိုင်းချမ်းမြေ့ကို (မြန်မာ) က ဘာဂီ (ဂျပန်) ကိုလည်းကောင်း၊ ၆၀ ကီလိုတန်းမှာပဲ ကျားဘဟိန်း (မြန်မာ) က ကိုဒီ (အမေရိကန်) တို့ကိုလည်းကောင်း အသီးသီး လက်စွမ်းပြ အနိုင်ရယူခဲ့ကြပါတယ်။

၅၅ ကီလိုတန်းမှာ တိမ်တိုက် (မြန်မာ) နဲ့ ဟာမာမိုတိုအုတ (ဂျပန်)၊ ၆၉ ကီလိုတန်းမှာ ဖျံသွေး (မြန်မာ) နဲ့ အက်ဖရင်ဂျုရမ်ဘားစကွတ် (အမေရိကန်) တို့ ပွဲတွေမှာတော့ ၅ ချီ ရေကုန်ရေခန်းထိုးပြီး ပူးတွဲသရေကျခဲ့ကြပါတယ်။

မနေ့က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်လည်း တက်ရောက်အားပေးခဲ့ပါတယ်။

ဂျပန်လူမျိုးတွေအကြား မြန်မာ့ရိုးရာလက်ဝှေ့အပေါ် စိတ်ဝင်စားမှု အထူးမြင့်တက်လာနေပြီး လာမယ့် ဇွန်လမှာ ကျင်းပမယ့် Lethwei Legacy-4 ဇွန် ၁၆ ရက်နေ့ ပွဲအပြီးမှာ အမြတ်ငွေတွေကို ပေးအပ်လှူဒါန်းမှာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular