Home
မြန်မာသတင်း
မောင်တောတွင် ကျေးရွာတာဝန်ခံ ၁ ဦးကို မျက်နှာဖုံးစွပ်ထားသူများက ဓားဖြင့် ဝိုင်းခုတ်သတ်
DVB
·
April 18, 2017
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဖွေယာရွာနေ တပ်ဦးချောင်းကျေးရွာအုပ်စု တာဝန်ခံ အာမီအာလီ (၃၈-နှစ်)ကို ဧပြီ ၁၇ ရက် ညက အနက်ရောင် မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၁၀ ဦးလောက်က ဓားနဲ့ ခုတ်သတ်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။ အာမီအာလီ အိမ်မှာရှိနေစဉ် အနက်ရောင်မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၁၀ ဦးလောက် ရောက်ရှိလာပြီး ၂ ဦးက အိမ်ပေါ်သို့တက်ကာ ဓားနဲ့ခုတ်ပြီး အိမ်အောက်သို့ ဆွဲချခဲ့တာလို့ ဆိုပါတယ်။ ဒီနောက် အာမီအာလီအား အိမ်ရှေ့မှာ မျက်နှာဖုံးစွပ်ထားသူတွေက ဓားနဲ့ ထပ်မံခုတ်ထိုးခဲ့လို့ ပတ်ဝန်းကျင်က လူတွေ ထွက်လာတာကြောင့် မျက်နှာဖုံးစွပ်အဖွဲ့က သေနတ် ၅ ချက် ပစ်ဖောက်ပြီး ရွာရဲ့ အနောက်မြောက်ဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ဓားခုတ်ခံရမှုကြောင့် အာမီအာလီဟာ လက်ဖျံ၊ လက်မောင်း၊ ဦးခေါင်း ငယ်ထိပ်၊ ယာတင်ပါး ပြတ်ရှ၊ နောက်ကျော ထိုးသွင်းဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး မောင်တောပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ဓားဖြင့် ဝိုင်းခုတ်သူ အနက်ရောင် မျက်နှာဖုံးစွပ် အမျိုးသား ၁၀ ဦးကို အမှုဖွင့် အရေးယူထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်ညကလည်း မောင်တောမြိုနယ် သ၀န်ချောင်းကျေးရွာကို အဒူလာကိန်းလို့ ယူဆရသူအပါအ၀င် လူ ၄ ဦး ပါဝင်တဲ့  ဓားပြအဖွဲ့ က ၀င်ရောက်လာကာ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ၇ွာသား ၁ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ အလားတူ မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာနေ မာမတ်တာလောင် (ခ) ဇော်လှိုင် (၄၂-နှစ်)ဟာလည်း ဧပြီ ၁၆ ရက်မနက်က အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက်  ပျောက်ဆုံးနေတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024