လက်မှတ်ထိုးခိုင်းသည့် ကလေးငယ်၏ဦးထုပ်ကို လူအုပ်ကြားလွှင့်ပစ်ခဲ့သည့် ဒေါ်နယ်ထရမ့် (ရုပ်သံ)
Published By
DVB | 18 April, 2017
1.3K
0
Share
0
Comment
0
Likes
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ဆီ အမှတ်တရ လက်မှတ်လာထိုးခိုင်းတဲ့ ပရိသတ်ကလေးငယ်တဦးရဲ့ဦးထုပ်ကို လက်မှတ်ထိုးပေးခဲ့ပြီးနောက်မှာ လူအုပ်စုကြားထဲကို အမှုမဲ့ လွှင့်ပစ်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဧပြီ ၁၇ ရက်နေ့က သမ္မတအိမ်ဖြူတော်မှာ ကျင်းပတဲ့ အီစတာပွဲတော် အခမ်းအနားတခုမှာ ဖြစ်ခဲ့တာပါ။
သမ္မတ ဒေါ်နယ်ထရမ့်ဟာ အခမ်းအနားအပြီး ကလေးတွေနဲ့ အချိန်အနည်းငယ်ပေးပြီး တွေ့ဆုံချိန်မှာ လူအုပ်စုကြားက သူ့ပရိသတ်ကလေးငယ်တဦးက သူ့ကို ဦးထုပ်ပေါ်မှာ လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့တာပါ။
ထရမ့်ဟာ အဲဒီတောင်းဆိုမှုကို လက်ခံခဲ့ပြီးနောက် ဦးထုပ်ပေါ်မှာ လက်မှတ်ရေးထိုးခဲ့ကာ ဦးထုပ်ကို လူအုပ်ကြားထဲ လွှင့်ပစ်လိုက်တာပါ။
အဲဒီအချိန်မှာ ထရမ့်က အံ့သြစရာကောင်းစွာပဲ “ဒါ ဘယ်သူ့ဦးထုပ်လဲ၊ တယောက်ယောက်ဟာပဲဖြစ်မယ်” လို့ ပြောပြီး လွှင့်ပစ်ခဲ့တာကို တွေ့ရပါတယ်။
ဦးထုပ်ပိုင်ရှင်ကလေးငယ်ဆီက အထိတ်တလန့်နဲ့ နိုးလို့ အော်ဟစ်လိုက်သံကို ကြားလိုက်ရတာဖြစ်ပြီး ထရမ့်ကတော့ ဒီအဖြစ်အပျက်တခုလုံးကို ရယ်မောနေခဲ့ပါတယ်။
လက်ရှိမှာတော့ ထရမ့်ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး ဝေဖန်နေကြပါတယ်။
တချို့ကတော့လည်း ဒါဟာ အပြောင်အပျက်သဘောနဲ့ လုပ်လိုက်တာဖြစ်မယ်လို့ ပြောနေကြပါတယ်။