လမ်းမပေါ်မောင်းနှင်လာသည့် ဆိုင်ကယ်သမားကို တိုက်ခိုက်ရန် ကြိုးစားခဲ့သည့် မြွေကြီး (ရုပ်သံ)
Published By
DVB | 18 April, 2017
2.3K
0
Share
0
Comment
0
Likes
လမ်းမပေါ်မှာ ဆိုင်ကယ်နဲ့ ဖြတ်သန်းမောင်းနှင်သွားချိန်မှာ မြွေတကောင်က တိုက်ခိုက်တာကို ခံဖူးပါသလား။
ဒါဟာ တကယ်ကြုံတွေ့ရသူအဖို့တော့ တော်တော့်ကို သွေးပျက်စရာပါပဲ။
ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံတွင်း တနေရာမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဆိုင်ကယ်စီးလာသူကို မြွေကြီးက တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာကို မျက်မြင်တွေ့ရှိတဲ့ နောက်က ကားပေါ်မှတဆင့် ရိုက်ယူထားခဲ့တာပါ။
ဆိုင်ကယ်စီးအမျိုးသားဟာ အေးအေးဆေးဆေး လမ်းမပေါ် ဖြတ်သန်းမောင်းနှင်နေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
ဒါပေမယ့် အချိန်အနည်းငယ်အကြာမှာတော့ လမ်းမပေါ်က ကန့်လန့်ဖြတ်ပြေးလာတဲ့ အနက်ရောင်မြွေကြီးက သူ့ကိုပေါက်ဖို့ ကြိုးစားခဲ့တာပါ။
အဲဒီအမျိုးသားဟာ ကြောက်လန့်တကြားနဲ့ သူ့ရဲ့ ခြေ ၂ ဘက်ကို အပေါ်မြှောက်တင်ကာ ရှောင်လိုက်ရပြီး အရှိန်နဲ့ ဆိုင်ကယ်က ပြေးထွက်ခဲ့လို့ ဘာမှတော့ မဖြစ်ခဲ့ဘဲ လွတ်မြောက်သွားခဲ့ပါတယ်။