မြောင်းမြမြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ (ဓာတ်ပုံ)
သော်ဇင်မျိုး
·
April 18, 2017
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ရဲ့ အကြီးဆုံးပွဲတော်တခုဖြစ်တဲ့ မြောင်းမြ မြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပွဲကျင်းပတာဟာ ဒီနှစ်နဲ့ဆိုရင် ၈၂ ကြိမ်မြောက်ရှိပြီး ငွေပဒေသာပင်တန်ဖိုး စုစုပေါင်း ကျပ်သိန်းထောင်နဲ့ချီရှိကာ မြို့နယ်အတွင်းက ဘုန်ကြီးကျောင်းပေါင်း ၃၇၀ ကျော်ကို မဲဖောက်လှူဒါန်းကြပါတယ်။
မြို့သူမြို့သားတွေကလည်း ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ဆေး အပါအဝင် ပစ္စည်းလေးပါးတို့ကိုပါ လှူဒါန်းခဲ့ကြပါတယ်။