A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ် ၀က်စ်ဘရွန်း ၀-၁ လီဗာပူး (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းက ၀က်စ်ဘရွန်းအသင်းရဲ့ အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ချန်ပီယံလိဂ် ၄ သင်းထဲပါရေး ကြိုးစားနေတဲ့ လီဗာပူးအသင်းဟာ ပွဲချိန် ၄၅ မိနစ်မှာ တိုက်စစ်မှူး ဖာမီနိုရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပေမယ့် ဘောလုံးပိုင်ဆိုင်မှုမှာတော့ တဖက်သတ် အသာစီးယူကစားနိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် လီဗာပူးအသင်းဟာ ၃၃ ပွဲကစား ရမှတ် ၆၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့်သုံးမှာ ရပ်တည်နေပါတယ်။ ၀က်စ်ဘရွန်းအသင်းကတော့ ၃၃ ပွဲကစား ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up