အမေရိကန် ကားပါကင်တခုတွင် ကားအစီး ၃၀ ကျော် မီးလောင်ကျွမ်း (ရုပ်သံ)

1.2K
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနိးယားပြည်နယ် ဖရီးမောင့်မြို့ ကားပါကင်တခုမှာ ဧပြီ ၁၅ ရက်နေ့က ကားအစီး ၃၀ ကျော် တပြိုင်တည်း မီးလောင်ကျွမ်းခဲ့တာကြောင့် မီးသတ်သမားအတော်များများ ကြိုးစားငြှိမ်းသတ်ခဲ့ရပါတယ်။
အသုံးပြုပြီးသား ကားအမြောက်အမြား ရပ်ထားတဲ့ ကားပါတ်ကင်မှာ ကား ၃၅ စီးတိတိ မီးလောင်ကျွမ်းခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
မီးလောင်တဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး လူတစ်ဦးမှ ထိခိုက်ဒဏ်ရာရတာမျိုး မရှိကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။