A d v e r t i s e m e n t With Us

ကိုရီးယားကျွန်းဆွယ် စစ်ရေးတင်းမာလာပါက ဂျပန်နိုင်ငံသားများကို ကယ်တင်ရေး ဆွေးနွေး

ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးအခြေအနေ တင်းမာလာခဲ့ရင် တောင်ကိုရီးယားမှာရှိတဲ့ ဂျပန်နိုင်ငံသားတွေကို အရေးပေါ်ပြောင်းရွှေ့ရေးကိစ္စ ဆွေးနွေးညှိနှိုင်းနေကြောင်း ဂျပန်အစိုးရက ဧပြီ ၁၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ဂျပန်နိုင်ငံသား ၆ သောင်းနီးပါး ရှိနေပြီး တကယ်လို့ စစ်ဖြစ်လာရင် သူတို့ကို ဘယ်လိုအရေးပေါ်ပြောင်းရွှေ့ပေးရမလဲဆိုတာကို ဂျပန်အမျိုးသားလုံခြုံရေး ကောင်စီ (NSC) က ဆွေးနွေးနေတယ်လို့ ဂျပန်ကက်ဘိနက် အတွင်းရေးမှူးအဖွဲ့ အကြီးအကဲက ပြောပါတယ်။ “ကျနော်တို့ ဂျပန်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် အခြေ အနေကို အမြင့်ဆုံးအဆင့် လေ့လာအကဲခတ်နေပါတယ်။ ဘယ်လိုအခြေအနေမျိုးကိုမဆို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ တိုင်းပြည်လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်အရာကိုမဆို ကျနော်တို့ လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။ တကယ်လို့ တောင်ကိုရီးယားအစိုးရကသာ လက်ခံမယ်ဆိုရင် ဂျပန်နိုင်ငံသားတွေကို ကယ်ထုတ်ဖို့အတွက် ရိုးရိုးလေယဉ်နဲ့ သင်္ဘောတွေသာမက စစ်လေယဉ်နဲ့ စစ်သင်္ဘောတွေကိုပါ အသုံးပြုဖို့ ဂျပန်အစိုးရက စီစဉ်ထးကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up