Home
မြန်မာသတင်း
ရန်ကုန်တွင် သင်္ကြန်မဏ္ဍပ်တခု ပြိုကျ၊ အမျိုးသမီး ၃ ဦး ဒဏ်ရာရ
DVB
·
April 16, 2017
ရန်ကုန်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ  ပိတောက်ရွှေဝါဖူးမဏ္ဍပ်ပြိုကျပြီး အမျိုးသမီးပရိသတ် ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဧပြီ ၁၅ ရက် ညနေပိုင်းမှာ ယိမ်းအကအဖွဲ့ မဏ္ဍပ်ပေါ်ကနေတုန်း မဏ္ဍပ်ယာဘက်ခြမ်းရှိ သံစင်မြင့် ၁၀ ပေပတ်လည်ခန့်ပြိုကျခဲ့တာဖြစ်ပြီး မဏ္ဍပ်ပေါ်ထိုင်ကြည့်နေတဲ့ ပရိသတ် ၁၅ ဦးလောက် ပြိုကျတဲ့ထဲ ပါသွားခဲ့တာပါ။ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ၉၂ ရပ်ကွက်၊ ပဲခူးမြစ်လမ်းနှင့် ကျွန်းရွှေဝါလမ်းမကြီးဘေးရှိ ပိတောက် ရွှေဝါဖူးမဏ္ဍပ် ပြိုကျမှုအတွင်း ဒဏ်ရာရတဲ့ အမျိုးသမီး ၃ ဦးကို သင်္ဃန်းကျွန်းစံပြဆေးရုံ ပို့ထားပြီး  မဏ္ဍပ်ကိုလည်း ပိတ်ထားလိုက်တယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024