A d v e r t i s e m e n t With Us

မြောက်ကိုရီးယား ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု မအောင်မြင်ဟု အမေရိကန်ပြော

A man watches a TV news program showing a file footage of a missile launch conducted by North Korea, at the Seoul Train Station in Seoul, South Korea, Saturday, April 23, 2016. North Korea on Saturday fired what appeared to be a ballistic missile from a submarine off its northeast coast, South Korean defense officials said, Pyongyang's latest effort to expand its military might in the face of pressure by its neighbors and Washington. The Korean letters at top left read: "North Korea fires a submarine-launched ballistic missile or SLBM." (AP Photo/Lee Jin-man)
မြောက်ကိုရီးယားအစိုးရဟာ ဧပြီ ၁၆ ရက်နေ့က ၆ ကြိမ်မြောက် နျူကလီးယားလက်နက်စမ်းသပ်မှု ထပ်လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ တောင်ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ် ပစိဖိတ်ရေးရာတပ်မှူးက ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီယားနိုင်ငံ အရှေ့ဘက်ကမ်းခြေကနေ ဒုံးလက်နက်တစ်စင်း ပစ်လွှတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဧပြီ ၁၅ ရက်နေ့က ခေါင်းဆောင်ဟောင်း ကင်အီဆွန်းရဲ့ ၁၀၅ နှစ်မြောက် မွေးနေ့အခမ်းအနားကို အကြီးအကျယ်ကျင်းပခဲ့ပြီး နျူကလီးယားဒုံးလက်နက်တွေအပါအ၀င် ကြီးမားတဲ့ စစ်အင်အားကို ပြသခဲ့ပါတယ်။ နောက်တစ်ရက်မှာ အခုလို ၆ ကြိမ်မြောက် စမ်းသပ်မှုထပ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ကိုရီးယားကျွန်းဆွယ်အခြေအနေ ဆွေးနွေးဖို့အတွက် အမေရိကန် ဒုသမ္မတ မိုက်ပန့်စ် တောင်ကိုရီးယားကို မလာရောက်ခင် နာရီပိုင်းအလိုမှာ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒုသမ္မတ မိုက်ပန့်စ်ဟာ သူ့ရဲ့ ၁၀ ရက်တာ ခရီးစဉ်အတွင်း အာရှ မဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြောက်ကိုရီးယား နျူကလီးယားပြဿနာကို  ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up