Home
မြန်မာသတင်း
ဒေါ်မြင့်​မြင့်​အေး​ တသီး​ပုဂ္ဂလ ဝင်ပြိုင်မည်
နော်နိုရင်း
·
January 18, 2012
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် မန္တ​လေး​တိုင်း​ မိတ္ထီလာမြို့​နယ် အတွင်း​ရေး​မှူး​ဟောင်း​ ​ဒေါ်မြင့်​မြင့်​အေး​ဟာ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ တသီး​ပုဂ္ဂလအဖြစ် ဝင်​ရောက်ယှဉ်ပြိုင်မယ်လို့​ ​ပြောပါတယ်။ မိတ္ထီလာမြို့​နယ် အဖွဲ့​ချုပ်ဝင်​တွေက​တော့​ သူ့​ကို အန်အယ်လ်ဒီလှုပ်ရှား​မှု တ​လျှောက်လုံး​ လုပ်လာတဲ့​အ​ပေါ် ​ရွေး​ကောက်ပွဲ ဝင်​စေချင်တယ်လို့​ ဆန္ဒပြုတာ​ကြောင့်​ တသီး​ပုဂ္ဂလအ​နေနဲ့​ ဝင်​ရောက်ဖို့​ ဆုံး​ဖြတ်တာလို့​ ​ဒေါ်မြင့်​မြင့်​အေး​က ​ပြောပါတယ်။ [caption id="attachment_20132" align="alignleft" width="300" caption="ဒေါ်မြင့်မြင့်အေး​"][/caption] “မိတ္ထီလာမြို့​နယ်အတွက် ဗိုလ်ကြီး​ဝင်း​ထိန်က ဒီဇင်ဘာ ၁၈ ရက်​နေ့​မှာ တရား​ဝင် ဝင်လိုက်တဲ့​အခါမှာ ဒီ​အောက်​ခြေမှာ တကယ် တရား​ဝင်လုပ်​နေတာက မြို့​နယ်အဆင့်​၊​ ခရိုင်အဆင့်​ ပူး​တွဲပြီး​တော့​ လုပ်​နေတဲ့​ စည်း​တွေချည်း​ပဲ ဥက္ကဋ္ဌ​တွေ၊​ အတွင်း​ရေး​မှူး​တွေ အကုန်လုံး​နဲ့​ လုပ်​နေတဲ့​ လူ​တွေက လက်မခံနိုင်ကြဘူး​ပေါ့​။ “ဘာလို့​လဲဆို​တော့​ သာစည်မှာ ရှိတဲ့​ပွဲဖြစ်​စေ နိုင်ငံ​ရေး​အခမ်း​အနား​တွေ အား​လုံး​ကို ကျမတို့​ကပဲ ဦး​ဆောင်ပြီး​ လုပ်​ပေး​တဲ့​အခါမှာ ​အောက်​ခြေလူနဲ့​ ပတ်သက်တဲ့​ ကိစ္စ​တွေ ကျမတို့​ တ​လျှောက်လုံး​ လုပ်​ပေး​နေတဲ့​ အခါမှာ မိတ္ထီလာမြို့​နယ်၊​ မိတ္ထီလာခရိုင်ရဲ့​ ကိစ္စကို ​ဒေါ်မြင့်​မြင့်​အေး​ကသာလျှင် ဦး​ဆောင်လုပ်​ပေး​နိုင်မယ်လို့​ သူတို့​က ယုံကြည်ပြီး​တော့​ ၁၉ ရက် နဲ့​ ၂၀ အစည်း​အ​ဝေး​ခေါ်ပြီး​ ၂၁ ရက်​နေ့​မှာ ရန်ကုန် ဗဟိုရုံး​ချုပ်အထိ​တောင် သွား​ပြီး​တော့​ လက်မှတ်​ပေါင်း​ ၄၀၀၀ နီး​ပါး​နဲ့​ လကုန်ပြီး​ ၁ ရက်​နေ့​မှာ စာတင်ခဲ့​တယ်​ပေါ့​။ လူထုသ​ဘောထား​နဲ့​။ “အဲဒီ အချိန်မှာ ဗဟိုကလည်း​ပဲ ၂ ရက်​နေ့​ အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်နဲ့​ ဆိုပြီး​ ​အောက်​ခြေသ​ဘောထား​ တင်ပြတဲ့​ တဦး​ချင်း​စီ တင်ပါဆိုတဲ့​အခါမှာ ၁၁ ရက်​နေ့​ ဗဟိုကချမှတ်တဲ့​ စည်း​မျဉ်း​စည်း​ကမ်း​နဲ့​ ကိုက်ညီ​အောင် မြို့​နယ်အဆင့်​ရော၊​ ခရိုင်အဆင့်​ရော ​ဒေါ်မြင့်​မြင့်​အေး​ကို အဆိုပြုပါတယ်ဆိုတာ စာကို တရား​ဝင် ပို့​ခဲ့​တယ်။ သို့​သော်လည်း​ပဲ ၁၂ ရက်​နေ့​မှာ ဗိုလ်ကြီး​ဝင်း​ထိန်ကိုပဲ ချ​ပေး​တယ်ဆိုတာ ​ပေါ်​ပေါက်လာတဲ့​အခါမှာ ကျမက ​အောက်​ခြေ ပြည်သူလူထုရဲ့​ သ​ဘောဆန္ဒကို လိုက်​လျောတဲ့​အ​နေနဲ့​ လူထုရဲ့​သ​ဘောထား​ကို မလွန်ဆန်နိုင်ဘဲနဲ့​ ကျမ ​ရွေး​ကောက်ပွဲ ဝင်တဲ့​အခါမှာ တသီး​ပုဂ္ဂလ ဖြစ်သွား​မယ်ဆိုလည်း​ ဝင်မယ်ဆိုတဲ့​ သ​ဘောပါ။” သူ့​အ​နေနဲ့​ အန်အယ်လ်ဒီကထွက်ပြီး​ ​ရွေး​ကောက်ပွဲဝင်တယ်လို့​ မယူဆဘူး​လို့​လည်း​ ဆိုပါတယ်။ “ဘာလို့​လဲ ဆို​တော့​ အန်အယ်လ်ဒီ ဟာ ကျမတို့​ ပါတီဝင် လူအား​လုံး​နဲ့​ သက်ဆိုင်တဲ့​ ကိစ္စ​လေ။ အန်အယ်လ်ဒီ ကို အစအဆုံး​ ပြန်ပြီး​ ​လျှောက်လွှာတင်ဆိုတာကလည်း​ပဲ အခုအချိန်အခါမှာ ​ရွေး​ကောက်ပွဲ ကိစ္စက အ​ရေး​ကြီး​နေ​သေး​တယ်။ ဘာလို့​လဲဆို​တော့​ အထက်က ချ​ပေး​လိုက်တဲ့​ လူထက် ပြည်သူလူထုရဲ့​ ​တောင်း​ဆိုမှု​နောက်ကို မမှိတ်မသုန် လိုက်ရတဲ့​ သ​ဘောနဲ့​ ကျမတို့​က ​ရွေး​ကောက်ပွဲ ဝင်ရတာပါ။” အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ထုတ်ပြန်ခဲ့​တဲ့​ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဝင်ပြိုင်မယ့်​ ကိုယ်စား​လှယ်​လောင်း​ စာရင်း​မှာ အန်အယ်ဒီ ဗဟို​ကော်မတီဝင် ဦး​ဝင်း​ထိန်က မိတ္ထီလာမြို့​နယ်မှာ ဝင်​ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါ​ကြောင့်​ ​ဒေါ်မြင့်​မြင့်​အေး​က တသီး​ပုဂ္ဂလအ​နေနဲ့​ ဝင်ပြိုင်မယ်ဆိုရင်​တော့​ ဦး​ဝင်း​ထိန်နဲ့​ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ တသီး​ပုဂ္ဂလ ဝင်ပြိုင်မှာ ဖြစ်​ပေမယ့်​ အန်အယ်လ်ဒီရဲ့​ မူဝါဒအတိုင်း​သာ ဆက်လက် ရပ်တည်မှာ ဖြစ်သလို မကြာခင် ရက်ပိုင်း​အတွင်း​ ​ရွေး​ကောက်ပွဲ ​ကော်မရှင်ဆီ ကိုယ်စား​လှယ်​လောင်း​အဖြစ် မှတ်ပုံတင်မှာ ဖြစ်တယ်လို့​ ​ဒေါ်မြင့်​မြင့်​အေး​က ​ပြောပါတယ်။ ​ရွေး​ကောက်ပွဲအတွက် ကုန်ကျစရိတ် အား​လုံး​ မိမိဘာသာ အကုန်ကျခံမှာ ဖြစ်​ကြောင်း​လည်း​ ​ပြောပါတယ်။ ဧရာဝတီတိုင်း​ မြန်​အောင်မြို့​နယ်မှာလည်း​ မြန်​အောင်မြို့​နယ် အဖွဲ့​ချုပ်ဝင်​တွေက ​ရှေ့​နေ ဦး​ခင်​မောင်လတ်ကို ​ရွေး​ချယ်ပြီး​ အဖွဲ့​ချုပ် ရုံး​ချုပ်ကို တင်ထား​ပေမယ့်​ ဗဟို​ကော်မတီဝင်က ဦး​ကျော်မြင့်​ကို ချ​ပေး​တာ​ကြောင့်​ ပါတီဝင်​တွေ မ​ကျေနပ်ဘူး​လို့​ မြန်​အောင်မြို့​နယ် အဖွဲ့​ချုပ်ဝင်တဦး​က ​ပြောပါတယ်။ “ဟင်္သာတခရိုင် မြန်​အောင်မြို့​နယ်မှာ ကျ​နော်တို့​ အဲဒီမှာ ကိုယ်စား​လှယ်​လောင်း​ ၄ ​ယောက်ကို လျှို့​ဝှက်မဲ စနစ်နဲ့​ ​ရွေး​လိုက်တဲ့​အခါကျ​တော့​ ၄၄ မဲနဲ့​ နိုင်တဲ့​ ​ရှေ့​နေ ဦး​ခင်​မောင်လတ်ကို ကျ​နော်တို့​က ရုံး​ချုပ်ကို ၁၁ ရက်​နေ့​ ​နောက်ဆုံး​ထား​ပြီး​တော့​ တင်လိုက်တယ်။ ပြန်ချ​ပေး​တော့​ ဦး​ကျော်မြင့်​ဆိုတဲ့​လူ။ မြန်​အောင်မြို့​နယ်က လူ​တွေက လူတိုင်း​မသိဘူး​။ သူ့​ကို ပြန်ချ​ပေး​တဲ့​ အခါကျ​တော့​ ပါတီဝင်​တွေ အများ​စု မ​ကျေနပ်ဘူး​ပေါ့​။ ကျ​နော်တို့​ ကိုယ့်​ကိုယ်စား​လှယ် ကိုယ်အား​ကိုး​တဲ့​လူ ကိုယ်​ရွေး​ချင်တာ​ပေါ့​။ ပါတီဝင်​တွေ အကုန်လုံး​က ဒီမိုက​ရေစီ နည်း​ကျကျ ​ရွေး​လိုက်တဲ့​ ကိုယ်စား​လှယ်​တွေ။ ဗဟိုက​နေပြီး​တော့​ ဗဟိုဦး​စီး​ဆန်တဲ့​ စနစ်မျိုး​နဲ့​ ​ရွေး​ချလိုက်တာက​တော့​ တသီး​ပုဂ္ဂလ ​ထောင်မယ်ဆိုရင် ကြား​ဖြတ် လစ်လပ်​နေရာမှာ အင်အား​ နည်း​သွား​နိုင်တယ်ဗျာ။” မြို့​နယ်ပါတီဝင်​တွေ ​ပြောဆိုလာတဲ့​အ​ပေါ် အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က အခုလို ရှင်း​ပြပါတယ်။ “ကျ​နော်တို့​က နဂိုကတည်း​က ကျ​နော်တို့​ သူတို့​ကို ​သေချာ​ပြောပါတယ်။ မြို့​နယ်က လျာထား​ပေး​ပါ။ တိုင်း​နဲ့​ ပြည်နယ်ကလည်း​ လျာထား​ပေး​ပါ။ ပြီး​ရင် ဗဟိုက​နေပြီး​တော့​ အဲဒါကို စိစစ်ပြီး​တော့​ ဗဟိုကလည်း​ လျာထား​ခွင့်​ရှိတယ်။ အဲ့​ဒါကိုမှ ဗဟိုက ဆုံး​ဖြတ်​ပေး​မယ်လို့​ နဂိုကတည်း​က ​ပြောထား​ပြီး​သား​။ နဂိုကတည်း​က ​အောက်​ခြေက ​ရွေး​လိုက်တဲ့​လူကို ဗဟိုက လက်ခံပြီး​တော့​ အတည်ပြုရမယ်လို့​ ​ပြောထား​ပြီး​သား​။ အဲဒီ​တော့​ ကျ​နော်တို့​ ဘာမှ ထူး​ထူး​ခြား​ခြား​ ​ဖြေရှင်း​နေစရာ မရှိပါဘူး​။ မြို့​နယ်က မြို့​နယ်အ​နေနဲ့​ ​ရွေး​တာ​ပေါ့​။ တိုင်း​ကျ​တော့​ တိုင်း​အ​နေနဲ့​ ​ရွေး​တာ​ပေါ့​။ ဗဟိုကျ​တော့​ ဒါ တနိုင်ငံလုံး​ အတိုင်း​အတာနဲ့​ သွား​မယ့်​ ခရီး​တာကြီး​ တခုလုံး​ အတွက် ချိန်ဆပြီး​တော့​ လူကြီး​တွေက ​ရွေး​တာ​ပေါ့​။ အဲဒါပဲ ကျ​နော် ​ပြောစရာရှိပါတယ် တခြား​ ဘာမှ ​ပြောစရာ မရှိပါဘူး​။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024