မက္ကစီကိုနိုင်ငံ ဆေးရုံခေါင်မိုးပေါ်တွင် လေယာဉ်ပေါ်က ပစ်ချခဲ့သည့် အလောင်းတွေ့ရှိ (ရုပ်သံ)

744
မက္ကစီကိုနိုင်ငံ စီနာလိုအာပြည်နယ် အယ်ဒိုရာဒိုမြို့က ဆေးရုံခေါင်မိုးပေါ်မှာ အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိခဲ့ပါတယ်။
လေယာဉ်ပေါ်ကနေ ပစ်ချခဲ့တာလို့ပြောနေကြတဲ့ အဲဒီအလောင်းနဲ့ပတ်သက်ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ဧပြီလ ၁၂ ရက်နေ့ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲလောက်ကတွေ့ခဲ့တာလို့ အမည်မဖော်လိုသူ အရာရှိ ၁ ဦးက ပြောပါတယ်။
လေယာဉ်တစီးက ခပ်နိမ့်နိမ့်ပျံသန်းလာပြီး ဆေးရုံခေါင်မိုးပေါ်မှာလူ ၁ ယောက်ကို ပစ်ချခဲ့တယ်လို့ ဆေးရုံအပြင်ကနေ မြင်ခဲ့ရသူတွေက ပြောပါတယ်။
အဲဒီနေ့မှာပဲ ဆေးရုံပေါ်မှာ အလောင်းပစ်ချသွားတဲ့လေယာဉ်ပေါ်ကနေ နောက်ထပ် လူ ၂ ယောက်ပစ်ချတာ ထပ်တွေ့ရသေးတယ်လို့ ပြောကြပါတယ်။
လေယာဉ်ပေါ်ကနေ လူတွေပစ်ချခဲ့သူတွေနဲ့ တဖွဲ့တည်းလို့ ထင်ရသူတွေက အဲဒီ လူ ၂ ယောက်ကို ကောက်ယူသွားခဲ့တယ်လို့ ဒေသခံ သတင်းတွေမှာ ဖော်ပြကြပါတယ်။
စီနာလိုအာပြည်နယ်ဟာ ၂၀၁၆ ခုနှစ်မှာအဖမ်းခံခဲ့ရပြီး ၂၀၁၇ ခုနှစ်အစောပိုင်းမှာ အမေရိကန်ကို လွှဲပြောင်းပေးခံလိုက်ရတဲ့ မူးယစ်ရာဇာ အယ်လ်ချာပိုရဲ့ ဇာတိမြေဖြစ်ပါတယ်။
အယ်လ်ချာပို အဖမ်းခံရပြီးနောက်ပိုင်း စီနာလိုအာမူးယစ်ဂိုဏ်းဟာ ပြိုင်တွေကို မယှဉ်ပြိုင်နိုင်တော့ဘဲ ပြည်နယ်လုံခြုံရေးကလည်း လျော့ရဲလာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။