A d v e r t i s e m e n t With Us

Toshiba ကုမ္ပဏီကြီး၏ Microchip လုပ်ငန်းကို Apple က ၀ယ်ယူရန် ကြိုးစားနေ

ဘဏ္ဍာရေး အကျပ်အတည်းဆိုက်နေတဲ့ Toshiba ကုမ္ပဏီကြီးရဲ့ Microchip လုပ်ငန်းကို Apple နည်းပညာကုမ္ပဏီကြီးက ၀ယ်ယူဖို့ ကြိုးစားနေတယ်လို့ ဂျပန်သတင်းမီဒီယာ NHK က ဖော်ပြပါတယ်။ Apple iPhone တွေအတွက် လိုအပ်တဲ့ Microchip ပြားတွေ အလုံအလောက် ထောက်ပံ့ပေးနိုင်ဖို့ ၀ယ်ယူမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ထိုက်ထိုက်တန်တန် ပေးဝယ်ဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ Toshiba ကုမ္ပဏီဟာ သူတို့ရဲ့အမြတ်အစွန်းရနေဆဲဖြစ်တဲ့ ဒီ Microchip လုပ်ငန်းကို အခုလထဲမှာပဲ ထုတ်ရောင်းဖို့ ဆုံးဖြတ်လိုက်ပြီး ၀ယ်ယူမယ့်ကုမ္ပဏီတွေကို စိစစ်နေပါတယ်။ အခုလို Toshiba ကုမ္ပဏီက အရေးပါတဲ့ ဂျပန်နည်းပညာလုပ်ငန်းကို ပြည်ပနိုင်ငံတနိုင်ငံကို ထုတ်ရောင်းရတာ စိုးရိမ်တယ်လို့ ဂျပန်အစိုးရအရာရှိတွေကပြောဆိုပါတယ်။ Apple ကုမ္ပဏီကတော့ Toshiba ကုမ္ပဏီကပဲ အစုရှယ်ယာတချို့ကို ဆက်ကိုင်ခွင့်ပေးထားပြီး ဂျပန်ကုမ္ပဏီနဲ့ အမေရိကန်ကုမ္ပဏီတို့ ပူးပေါင်းသွားဖို့ စီစဉ်နေတယ်လို့ ကုမ္ပဏီသတင်းရင်းမြစ်တွေက ဆိုပါတယ်။ ထိုင်ဝမ်အခြေစိုက် Foxxconn နည်းပညာကုမ္ပဏီကလည်း Toshiba Microchip လုပ်ငန်းရဲ့ ၃၀ ရာခိုင်နှုန်း ၀ယ်ယူဖို့ Apple ကုမ္ပဏီက ဆွေးနွေးနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up