Home
မြန်မာသတင်း
ကျန်း​မာ​ရေး​နှင့်​ ပညာ​ရေး​အသုံး​စရိတ်များ​ အစိုး​ရတိုး​မြှင့်​မည်
DVB
·
January 18, 2012
လာမယ့်​ ဘဏ္ဍာ​ရေး​နှစ်က​နေ စတင်ပြီး​ ကျန်း​မာ​ရေး​နဲ့​ ပညာ​ရေး​ကဏ္ဍ အသုံး​စရိတ်​တွေကို အစိုး​ရက တိုး​မြှင့်​ပေး​တော့​မှာ ဖြစ်ပါတယ်။ တိုင်း​ပြည်ရဲ့​ ကျန်း​မာ​ရေး​နဲ့​ ပညာ​ရေး​ကဏ္ဍ အသုံး​စရိတ်​တွေကို ပြည်​ထောင်စုအစိုး​ရက လာမယ့်​ ဧပြီလ ၁ ရက်​နေ့​က စတင်မယ့်​ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ​ရေး​နှစ်က​နေ စတင်တိုး​မြှင့်​ပေး​ဖို့​ရှိ​နေတာပါ။ လာမယ့်​ ၂၆ ရက်​နေ့​မှာ ပြန်လည်​ခေါ်ယူမယ့်​ လွှတ်​တော် အစည်း​အ​ဝေး​တွေမှာ ဒီအသုံး​စရိတ်​တွေကို အတည်ပြု ထုတ်ပြန် ​ကြေညာဖို့​ ရှိ​နေတာလည်း​ ဖြစ်ပါတယ်။ အရင်က ကျန်း​မာ​ရေး​ကဏ္ဍအတွက် အမျိုး​သား​ဝင်​ငွေ (GDP) ရဲ့​ ၁.၃ ရာခိုင်နှုန်း​သာ သုံး​စွဲ​နေရာက အခု အခါမှာ ၂ ရာခိုင်နှုန်း​လောက်အထိ တိုး​မြှင့်​ သတ်မှတ်​ပေး​ဖို့​ ရှိ​နေတာပါ။ ဒီလိုတိုး​မြှင့်​ဖို့​မယ့်​အ​ပေါ် ကျန်း​မာ​ရေး​ဝန်ကြီး​ဌာန၊​ ကျန်း​မာ​ရေး​စီမံကိန်း​ ဦး​စီး​ဌာနရဲ့​ ညွှန်ကြား​ရေး​မှူး​ချုပ် ​ဒေါက်တာဖုန်း​မြင့်​က “ကျန်း​မာ​ရေး​ စီမံကိန်း​ဦး​စီး​ဌာန ကျန်း​မာ​ရေး​ ဝန်ကြီး​ဌာနအ​နေနဲ့​ တိုး​ပြီး​ရရှိလာမယ့်​ အသုံး​စရိတ်​တွေကို ​ဆေး​ဝါး​နဲ့​ ဝန်ထမ်း​ပိုင်း​တွေမှာ အဓိကထား​ ဖြည့်​ဆည်း​ဖို့​ရှိ​နေသလို ကုသ​ရေး​ထက် ကြိုတင် ကာကွယ်​ရေး​ပိုင်း​တွေမှာလည်း​ အသုံး​ပြုသွား​ဖို့​ရှိ ရှိ​နေပါတယ်။ ဒီလို ပိုမိုရရှိ လာ​ပေမယ့်​လည်း​ ကျန်း​မာ​ရေး​ကဏ္ဍ အသုံး​စရိတ်လိုအပ်ချက်​တွေက​တော့​ အမျိုး​သား​ဝင်​ငွေ (GDP) ရဲ့​ ၅ ရာခိုင်နှုန်း​ ​လောက်အထိ လိုအပ်​နေတယ်” လို့​ ​ပြောပါတယ်။ အရင်က ၄.၁၃ ရာခိုင်နှုန်း​ ရရှိခဲ့​တဲ့​ ပညာ​ရေး​ကဏ္ဍအတွက် ဘယ်​လောက်အထိ တိုး​မြှင့်​မယ်ဆိုတာ မသိရ​သေး​ပေမယ့်​ ပညာ​ရေး​လောကသား​တွေက​တော့​ တိုး​မြှင့်​ရရှိဖို့​ ​မျှော်လင့်​နေကြတယ်လို့​ အငြိမ်း​စား​ပါ​မောက္ခ ​ဒေါက်တာခင်​မောင်ညိုက ဆိုပါတယ်။ “တိုး​ရမယ်လို့​တော့​ ​မျှော်လင့်​နေတာပဲ။ ပညာ​ရေး​အတွက် အဓိက က​တော့​ ​သေချာ ​လေ့​လာသုံး​သပ်ပြီး​တော့​ နား​လည်တတ်ကျွမ်း​တဲ့​ လူ​တွေ၊​ UN က လူ​တွေ၊​ UNDP က လူ​တွေ ​ဆွေး​နွေး​ပြီး​တော့​ ကျ​နော်တို့​ လုပ်ရမှာ​ပေါ့​။ အတန်း​ငယ်က​နေ စပြီး​တော့​ အတန်း​ကြီး​ထိ​ပေါ့​။ ၁၀ တန်း​ ထိကို ကျ​နော်တို့​ ပုံစံ​လေး​တွေ တဖြည်း​ဖြည်း​ ​ပြောင်း​ရမယ် ကျ​နော်ထင်တယ်။ ဒီအတိုင်း​ပဲ သွား​မယ်ဆိုရင်​တော့​ ကျ​နော်တို့​ ပညာ​ရေး​စနစ်က ​မြောင်း​ထဲမှာ ဒီအတိုင်း​ ဒီအတိုင်း​ပဲ ရှိ​နေမှာပဲ ကျ​နော်ထင်တယ်။ တက္ကသိုလ်၊​ ​ကောလိပ်​တွေမှာ ကျ​နော်တို့​ အ​ဆောင်​တွေ ပြန်ထား​ပေး​ဖို့​ ကိစ္စ​ပေါ့​။ ​ကျောင်း​သား​တွေကို အ​ဆောင်မထား​ပေး​တဲ့​ ဟာက​တော့​ အဆိုး​ဆုံး​ပေါ့​ ပညာ​ရေး​မှာ။” ဒီလို တိုး​မြှင့်​သတ်မှတ်​ပေး​မယ့်​ ဘတ်ဂျက်ရသုံး​မှန်း​ချေ ​ငွေစာရင်း​ဟာ ကာကွယ်​ရေး​နဲ့​ ပြည်ထဲ​ရေး​ကဏ္ဍ ဘတ်ဂျက်​တွေကို ​လျှော့​ချအသုံး​ပြုတာလား​၊​ ဒါမှမဟုတ် အခြား​ကဏ္ဍ​တွေရဲ့​ အသုံး​စရိတ်​တွေကို မထိခိုက်ပဲ ပြည်​ထောင်စုအစိုး​ရက စိုက်ထုတ် တိုး​မြှင့်​ပေး​မှာလား​ ဆိုတာ တိတိကျကျ မသိရ​သေး​ပါဘူး​။ အစိုး​ရသစ်ရဲ့​ ပထမဆုံး​ ဘတ်ဂျက်ကို​တော့​ အရင် နအဖ စစ်အစိုး​ရက သတ်မှတ် ထုတ်ပြန်​ပေး​ခဲ့​တာပါ။ ဒီဘတ်ဂျက်စာရင်း​မှာ ကျန်း​မာ​ရေး​နဲ့​ ပညာ​ရေး​ကဏ္ဍ အသုံး​စရိတ် နည်း​ပါး​နေတဲ့​အ​ပေါ် ​ဝေဖန်မှု​တွေလည်း​ အများ​အပြား​ ရှိခဲ့​ပါတယ်။ ဒီလို ​ဝေဖန်ခံခဲ့​ရတဲ့​ ဘတ်ဂျက်နဲ့​ ပတ်သက်ပြီး​ အစိုး​ရသစ်က ပြည်သူသို့​ အစီရင်ခံစာကို မကြာခင်မှာ ထုတ်ပြန်​ပေး​ရ​တော့​မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024