A d v e r t i s e m e n t With Us

မက္ကဆီကိုတွင် ဆီသယ်ယာဉ်နှင့်ဘတ်စ်ကား ခေါင်ချင်းဆိုင်တိုက်၊ ၂၄ ဦး သေဆုံး (ရုပ်သံ)

မက္ကဆီကို အနောက်တောင်ဘက်မှာ ဧပြီ ၁၃ ရက်နေ့က ဆီသယ်ယာဉ်တစီးနဲ့ ဘတ်စ်ကားတစ်စီး ခေါင်းချင်းဆိုင်တိုက်မိလို့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၂၄ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူအချို့ဟာ ပြင်ပြင်းထန်ထန် မီးလောင်ဒဏ်ရာနေတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ဂယ်ရာရိုပြည်နယ် မီချွာကန်နယ်စပ်အနီး ပီတာကာလိုမြို့ အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းရေးတွေလုပ်နေပြီလို့ သိရပါတယ်။ ပစိဖိတ်ကမ်းခြေအနီးမှာ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ အဲဒီ ဘတ်စ်ကားဟာ လာဇာရို ကာဒီနက်စ် ဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပြီး ကမ်းခြေကိုသွားနေတာလို့ ပြည်နယ်ရဲတွေကပြောပါတယ်။ ယာဉ်တိုက်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်ကိုတော့ မသိရသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up