A d v e r t i s e m e n t With Us

ညောင်လေးပင် နယ်ဘုရားပွဲတွင် လူ ၁ ဦး ကားကြိတ် သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာဘုရားပွဲအတွင်းမှာ ဧပြီ ၁၃ ရက် မနက် ၆ နာရီ လောက်က လူတဦး ကားကြိတ်မိပြီး သေဆုံးသွားတယ်လို့ ညောင်လေးပင် မြို့မရဲစခန်းက သိရပါတယ်။ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ကွင်းအမှတ် ၁၄၆ (ခ) ကွင်းအတွင်းတော် ၀ိကျေးရွာဘုရားပွဲမှာ ဘုရားပွဲဈေးဆိုင်ခန်းတွေကို လျှပ်စစ်မီးပေးတဲ့ မီးစက်ရုံနားမှာ အိပ်ပျော်နေတဲ့ ဝဏ္ဏဇော် ကို ယာဉ်မောင်း ထွန်းဝင်းထက် မောင်းနှင်လာတဲ့ ၆  ဘီးယာဉ်က ဖြတ်ကြိတ်မိလို ဝဏ္ဏဇော်မှာ ဦးခေါင်းကြေမွဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ညောင်လေးပင် မြို့မရဲစခန်းက ယာဉ်မောင်း ထွန်းဝင်းထက်ကို ရာဇသတ်ကြီးပုဒ်မ-၃၀၄ က နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်

A d v e r t i s e m e n t With Us

More News
Up