မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်လှစ် (ဓာတ်ပုံ)
DVB
·
April 13, 2017
မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဒီနေ့မနက် ကျင်းပခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါတယ်။
ဖွင့်ပွဲကို ဂီတအနုပညာရှင် မြို့မနာယကနဲ့ သတင်းစာရေးဆရာတွေ၊ မြို့မိမြို့ဖတွေဖြစ်ကြတဲ့ လွတ်လပ်ရေးမော်ကွန်းဝင်နဲ့ အမျိုသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်မှ ပါမောက္ခချုပ်တွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
မန္တလေးမြို့ အထက ကျောင်းသူ ၃၀၀ ကျော်ကလည်း သင်္ကြန်ယိမ်းအကတွေ၊ သင်္ကြန်သီချင်းတွေနဲ့ ကပြဖျော်ဖြေခဲ့ပါသည်။
သတင်းဓာတ်ပုံ-အောင်အောင်၊ အိမ်ခိုင်မြဲ၊ မျိုးနိုင်