Home
မြန်မာသတင်း
ဒီမိုက​ရေစီမဟာမိတ် ၁၀ ပါတီ ၁၉ ​နေရာ ဝင်ပြိုင်မည်
ရွှေအောင်
·
January 17, 2012
ဒီမိုက​ရေစီမဟာမိတ် ၁၀ ပါတီ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ပြုလုပ်ခဲ့​ပြီး​​ သ​ဘောထား​ ​ကြေညာချက် ထုတ်ပြန်သွား​ဖို့​ ရှိပါတယ်။ ရန်ကုန်မှာ ပြုလုပ်ခဲ့​တဲ့​ ဒီ​နေ့​ ​ဆွေး​နွေး​ပွဲက​နေ သ​ဘောတူညီချက်အချို့​ ရရှိခဲ့​ပြီး​ မနက်ဖြန်မှာ ​ကြေညာချက် ထုတ်ပြန်ဖို့​ ရှိတဲ့​အ​ကြောင်း​ ဒီမိုက​ရေစီ ပါတီဥက္ကဋ္ဌ ဦး​သု​ဝေက ​ပြောပါတယ်။ [caption id="attachment_20091" align="alignleft" width="300" caption="ဦးသုဝေ"][/caption] “အ​ကြောင်း​က​တော့​ နှစ်ချက်၊​ သုံး​ချက်​ပေါ့​။ တစ်အချက်က​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်တဲ့​ကိစ္စမှာ ကျ​နော်တို့​က ​ကြေညာချက်​တွေ မထုတ်ရ​သေး​ဘူး​လေ။ အဲဒါ​လေး​ ထုတ်ဖို့​ရယ်၊​ ​နောက်ပြီး​တော့​ ကျ​နော်တို့​ ၁၀ ပါတီက ကြား​ဖြတ်​ရွေး​ကောက်ပွဲနဲ့​ ပတ်သက်တဲ့​သ​ဘောထား​ရယ်၊​ ​နောက်ပြီး​ ငြိမ်း​ချမ်း​ရေး​ကိစ္စ​လေး​တွေ အဲဒါ​လေး​တွေကို ကျ​နော်တို့​ သ​ဘောထား​လေး​ ထုတ်ပြန်ဖို့​ပါ။ မနက်ဖြန်မှ ထုတ်ပြန်နိုင်မှာပါ။” ဒီမိုက​ရေစီမဟာမိတ် ၁၀ ပါတီဟာ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ လစ်လပ်​နေရာ ၁၉ ခုမှာ ဝင်​ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပြီး​၊​ အရင်ကတည်း​က သ​ဘောတူထား​ကြတဲ့​အတိုင်း​ ​ရွေး​ကောက်ပွဲဝင်မယ့်​ ပါတီကို တခြား​ ပါတီ​တွေက ဝန်း​ရံကြဖို့​လည်း​ ရှိတယ်လို့​ ​ပြောပါတယ်။ လစ်လပ်​နေရာ ၄၈ ​နေရာစလုံး​ ဝင်​ရောက် ယှဉ်ပြိုင်မယ်လို့​ ​ကြေညာထား​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ ပတ်သက်လို့​ရော ​ဆွေး​နွေး​ဖြစ်ကြသလား​ဆို​တော့​ သူက ခုလို ​ပြောပါတယ်။ “အဲဒါက​တော့​ အထူး​ မ​ဆွေး​နွေး​ဖြစ်ပါဘူး​။ သူတို့​ကလည်း​ ​ကြေညာထား​ပြီး​သား​၊​ ဝင်ပြိုင်မယ် ဆို​တော့​ ဒါက​တော့​ ဒီမိုက​ရေစီအရ​တော့​ ပြိုင်ကြရမှာ​ပေါ့​။” ဒီမိုက​ရေစီမဟာမိတ် ၁၀ ပါတီမှာ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု (အန်ဒီအက်ဖ်)၊​ ဒီမိုက​ရေစီပါတီ(မြန်မာ)၊​ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုကရက်တစ်ပါတီ(ကျား​ဖြူ)၊​ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီစတဲ့​ ပါတီ​တွေ ပါဝင်ကြပြီး​ ဒီပါတီ​တွေဟာ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ ဝင်​ရောက် ယှဉ်ပြိုင်ခဲ့​ကြတဲ့​ ပါတီ​တွေလည်း​ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024