A d v e r t i s e m e n t With Us

ဖခင်က တီဗွီကြည့်ခွင့်တားမြစ်၍ အထပ် ၂၀ အမြင့်မှ ခုန်ချသေကြောင်းကြံခဲ့သည့် ကလေးငယ်

ဓာတ်ပုံ - စီဂျီတီအန်
တရုတ်နိုင်ငံမှ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တဦးဟာ ဖခင်က တီဗွီကြည့်ခွင့် တားမြစ်ခဲ့တဲ့အတွက် အထပ် ၂၀ အမြင့်ကနေ ခုန်ချ သေကြောင်းကြံခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချောင်ကျင်းစီရင်စုနယ်မြေထဲမှာ ဖြစ်ခဲ့တာလို့ စီဂျီတီအန်သတင်းမှာ ဧပြီ ၁၁ ရက်နေ့က ဖော်ပြပါတယ်။ အထပ်အမြင့် ၂၀ ကနေ ခုန်ချခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး သတင်းဌာနကတော့ ဒီရုပ်သံဗွီဒီယိုဖိုင်မှာ မသင့်တော်တဲ့ မြင်ကွင်းတွေ ပါနေတဲ့အတွက် မတင်ခဲ့ပါဘူး။ ကလေးငယ်ဟာ အပေါ်ကနေ အရှိန်နဲ့ကျလာခဲ့ပြီး မြေပြင်မှာရပ်ထားတဲ့ ကားတစီးပေါ်ကို ထိုးစိုက်ကျသွားခဲ့တာပါ။ အခင်းဖြစ်တဲ့နေရာဆီ ကလေးငယ်ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ ရဲတွေ ရောက်ရှိခဲ့ကြချိန်မှာတော့ ကလေးငယ်ဟာ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ တရုတ်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဂယက်ရိုက်သွားခဲ့ပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ စီမံအုပ်ချုပ်တဲ့ မိဘတွေအပေါ် ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။ တချို့ကလည်း ငယ်ရွယ်တဲ့ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လျစ်လျူရှုပြီး စာမေးပွဲကိုသာ အဓိကဦးတည်ထားတဲ့ တရုတ်ပညာရေးစနစ်အပေါ် ဝေဖန်ခဲ့ကြတာပါ။ လက်ရှိမှာတော့ ခုလိုဖြစ်ရတဲ့ အကြောင်းရင်း အသေးစိတ်ကို ရဲတွေက ဆက်လက်စုံစမ်း ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ လူမှုအဖွဲ့အစည်းတွေထဲမှာ ဆယ်ကျော်သက်အရွယ်တွေ မိမိကိုယ်ကို သေကြောင်းကြံစည်မှုဟာ ကြီးထွားလာနေတဲ့ ပြဿနာတခု ဖြစ်နေခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဘေဂျင်းတူဒေးစာစောင်ရဲ့ စစ်တမ်းကောက်ယူမှုတခုအရ တရုတ်ဆယ်ကျော်သက်ဦးရေ ၃ သန်းကျော်ဟာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိနေပြီး သူတို့ထဲက ဦးရေ ၂ သိန်းခွဲကျော်လောက်ဟာ မိမိကိုယ်ကို သေကြောင်းကြံစည်မှုတွေ နှစ်စဉ် ကျူးလွန်နေကြတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up