မန္တလေး လမ်းလျှောက်သင်္ကြန်ပွဲတော်မုခ်ဦး အသစ်ပြန်လည်ဆောက်လုပ် (ဓာတ်ပုံ)
DVB
·
April 12, 2017
ဝေဖန်မှုတွေရှိနေတဲ့ မန္တလေး လမ်းလျှောက်သင်္ကြန်ပွဲတော်မှာ အသုံးပြုဖို့ လုပ်ထားတဲ့ မုခ်ဦးကို အသစ်ပြန်လည် ဆောက်လုပ်ခဲ့ပါတယ်။
မုခ်ဦးကို မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်က ဒီဇိုင်းပြန်လည်ရေးဆွဲပြီး အသစ်ပြန်လည်ပြုလုပ်ခဲ့တာပါ။
မုခ်ဦးဆောက်လုပ်တုန်းက ပညာရှင်တွေကို တိုင်ပင်ဆွေးနွေးခဲ့ခြင်း မရှိခဲ့လို့ မန္တလေးမြို့ ပြည်သူလူထုရဲ့ ဝေဖန်မှုတွေ ရှိတာကြောင့် ဆရာဆူးငှက်ကို အကူအညီ တောင်းခံခဲ့တယ်လို့ သိရပါတယ်။
အချိန်အလုံအလောက် မရတာကြောင့် မုခ်ဦးကို မြန်မာ့ဟန်နဲ့ အနီးစပ်ဆုံးဖြစ်အောင် အချိန်မီ ပြင်ဆင်ခဲ့ရတာ ဖြစ်တဲ့အတွက် လိုအပ်ချက်တွေကတော့ ရှိနေသေးတယ်လို့ ဆိုပါတယ်။