Live
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးရဖို့ အချိန်ကြာလေ နိုင်ငံနာလေဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
April 12, 2017
ငြိမ်းချမ်းရေးရဖို့ အချိန်ကြာလေ နိုင်ငံနာလေပဲလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၁၁ ရက်နေ့က ပြုလုပ်တဲ့ ကျေးလက်တောရွာနေ လူငယ်များနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပြောကြားလိုက်ပါတယ်။ လွတ်လပ်ရေးရကတည်းက ပြည်တွင်းစစ်မီး ငြိမ်းခဲ့တာမဟုတ်ဘဲ ဒီ ရှည်လျားတဲ့ ပြည်တွင်းစစ်ဟာ ပိုပြီး ကျယ်ပြန့်လာတဲ့ အနေအထားရှိတယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးမရှိခြင်းရဲ့ အကျိုးဆက်တွေဟာ အင်မတန်မှရှည်ပြီး ဒုက္ခသည်စခန်းတွေမှာရှိတဲ့ တိုင်းရင်းသူ တိုင်းရင်းသားတွေဟာ ပြန်လာပြီး သူတို့ဘဝတွေကို ပြန်လည်ထူထောင်ဖို့ နေ့ချင်းညချင်း မဖြစ်နိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် သူ့အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို စားပွဲမှာထိုင်ဆွေးနွေးပြီး လိုချင်တာကို တောင်းဆိုဖို့၊ လက်နက်နဲ့ ငြင်းမယ့်ခုန်မယ့်အစား ပါးစပ်နဲ့ ဦးနှောက်နဲ့ ငြင်းကြခုန်ကြဖို့ အမြဲပြောခဲ့တယ်လို့ ဆိုပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024