အမေရိကန်နှင့် တောင်ကိုရီးယား ပူးပေါင်းပြီး သယ်ယူပို့ဆောင်ရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်

ဓာတ်ပုံ - ရိုက်တာ
735
OPR (Operation Pacific Reach) လို့ နာမည်ပေးထားတဲ့ သယ်သူပို့ဆောင်ရေး စစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ တောင်ကိုရီးယားတပ်တို့ ပူးပေါင်းပြီး တောင်ကိုရီးယားနိုင်ငံ ပိုဟန်ကမ်းခြေမှာ ဧပြီ ၁၁ ရက်နေ့က လုပ်ဆောင်နေကြပါတယ်။
သင်္ဘောစီးရေ ၅၀၊ အမေရိကန်စစ်သား ၂၅၀၀ နဲ့ တောင်ကိုရီးယားစစ်သား ၁၂၀၀ ပါဝင်တဲ့ ဒီလေ့ကျင့်မှုဟာ ဧပြီ ၂၁ ရက်နေ့ ပြီးဆုံးမှာ ဖြစ်ပါတယ်။
ဒီလေ့ကျင့်မှုဟာ နှစ်စဉ် စစ်ရေးပူးတွဲလေ့ကျင့်နေကြဖြစ်တဲ့ Foal Eagle လင်းယုန်စစ်ဆင်ရေးနဲ့ သက်ဆိုင်မှုမရှိဘူးလို့ သိရပါတယ်။
အခု ပိုဟန်ကမ်းခြေမှာ လေ့ကျင့်နေတာဟာ စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်အတွက်သာ မဟုတ်ဘဲ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့လည်း အသုံးဝင်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား အရာရှိတွေက ပြောကြပါတယ်။
အခု ပိုဟန်မှာ စစ်ရေးလေ့ကျင့်နေချိန် အမေရိကန်ရေတပ် Carl Vinson ကလည်း ကိုရီးယားကျွန်းဆွယ်ကို ချီတက်လာနေပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။