Home
မြန်မာသတင်း
ဗန်းမောက်မြို့နယ်တွင် WY စာတန်းပါစိတ်ကြွ ဆေးပြားများ စံချိန်တင် ဖမ်းမိ
DVB
·
April 11, 2017
  စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ မံအင်မင်းကုန်းအုပ်စု နောင်စိန်ရွှေမှော်အတွင်းမှာ ဧပြီလ ၁ဝ ရက်နေ့ မနက်ပိုင်းအချိန်က မူးယစ်စိတ်ကြွဆေးဝါးများ ဖမ်းဆီးရမိခဲ့ပါတယ်။ ဗန်းမောက်မြို့နယ်၊ ရွှေတော် ရဲကင်းမှူး ဒုရဲအုပ်ထွန်းဝင်းနဲ့ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေ နဲ့အတူ နောင်စိန်ရွှေမှော်ရှိ လူမနေတဲ့အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းချနေတဲ့ သတင်းအရ သွားရောက်ကြည့်ရှုရာ ဇော်မင်းနဲ့ ထွန်းနိုင်တို့ ၂ ဦး အိပ်ပျော်နေတာကို တွေ့ရှိခဲ့ပြီး အိပ်ရာအောက် ခါးပတ်အိတ်အတွင်းမှ ကမ္ဘာလုံးတံဆိပ်နဲ့ ရွက်လှေတံဆိပ်ပါ ကပ်ခွာအိတ်နဲ့ ထုတ်ထားသော WY စာတန်းပါ စိတ်ကြွဆေးပြားတွေကို တွေ့ရှိဖမ်းမိခဲ့တာပါ။ ၁ ထုပ်ကို ဆေးပြား ၂၀၀ ပြားစီပါ ၃၉ ထုပ်၊ ၁၅၀ ပါ ၁ ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား ၇၉၅၀ ပြား စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်း ၄၀၀ ခန့် ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ အဆိုပါ မူးယစ် စိတ်ကြွဆေးပြားတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိန်းမြို့နယ်၊ ခေါတောရွာ အနီး အမှောင်ကျတောအတွင်း အမည်မသိ ကချင်အမျိုသားတဦးထံမှ ဆေးပြားအားလုံးကို ငွေကျပ် ၁၈ သိန်းနဲ့ ဝယ်ယူခဲ့တာလို့ အစစ်ခံ ထွက်ဆိုခဲ့ပါတယ်။ ဗန်းမောက်မြို့နယ်အတွင်းမှာ မူးယစ်စိတ်ကြွဆေးပြားတွေကို ပထမဦးဆုံးအကြိမ်အဖြစ် အများဆုံး စံချိန်တင်ဖမ်းမိတာလို့ ရဲအရာရှိတဦးက ပြောပါတယ်။ အခုလို မူးယစ် စိတ်ကြွဆေးပြားတွေကို လက်ဝယ်ကိုင်ဆောင်ထားရှိတာနဲ့ ပတ်သက်လို့ ဇော်မင်း (အသက် ၃၆-နှစ်)နဲ့ ထွန်းနိုင် (အသက် ၃၆-နှစ်)၊ ဇီးကုန်းကျေးရွာ၊ အင်ပင်သာအုပ်စု၊ ကောလင်းမြို့နယ်နေသူတို့ နှစ်ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဥပဒေပုဒ်မ များနဲ့ အရေးယူထားတယ်လို့ မံစီကြီး နယ်မြေ ရဲစခန်းက သိရပါတယ်။။ သတင်း - သီဟဆွေ(ကသာ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024