A d v e r t i s e m e n t With Us

ကောလင်းမြို့ရဲစခန်းအတွင်းရှိ ရဲဝန်ထမ်းနေအိမ် မီးလောင်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့ရဲစခန်းအတွင်းရှိ ရဲဝန်ထမ်းနေအိမ်တလုံး ဝါယာရှော့မှတဆင့် မီးလောင်မှု ဧပြီ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ကောလင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးဖြိုးညွှန့်မောင်က ပြောပါတယ်။ “ဧပြီ ၁၁ ရက်နေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် ကောလင်းမြို့ရဲစခန်းမှ ကွယ်လွန်သူ ရဲတပ်ကြပ်ကြီး မြတ်အောင်ရဲ့ ဇနီး ဒေါ်သန်းရွှေမြနေထိုင်တဲ့ ၄၀x၂၀ ၂ ခန်း ပျဉ်ထောင်သွပ်မိုးနေအိမ်ရှိ လျှပ်စစ်မိန်းခုံမှ ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ရာ ကောလင်းမီးသတ်ဌာနမှသန္ဓေ ၁၈ ဦး အရံမီးသတ် ၄၀ ဦး မီးငြိမ်းသတ်ယာဉ် ၃ စီး ရေသယ်ယာဉ် ၁ စီး ဒေသခံပြည်သူတွေ ရဲတပ်ဖွဲ့ဝင် တွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီခွဲအချိန် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁ သိန်းခွဲလောက် မီးလောင်ဆုံးရှုံးခဲ့တယ်”လို့ ကောလင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးဖြိုးညွှန့်မောင်က ပြောပါတယ်။ မီးအားပေါ့ဆစွာ အသုံးပြုသူ ဒေါ်သန်းရွှေမြ (၄၀ နှစ်)ကို ကောလင်းမြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၂၈၅ အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)

A d v e r t i s e m e n t With Us

More News
Up