Home
မြန်မာသတင်း
ကျောင်း​သား​တပ်မ​တော်ရဲ​ဘော် ၃၀ ​ကျော် အဖမ်း​ခံထား​ရဆဲ
DVB
·
January 17, 2012
ဇန်နဝါရီလ ၁၃ ရက်​နေ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​မှာ ​ကျောင်း​သား​တပ်မ​တော်က ရဲ​ဘော် ၁၃ ဦး​ ပြန်လည်လွတ်​မြောက်လာခဲ့​ပြီး​ အကျဉ်း​ထောင်အသီး​သီး​မှာ အနည်း​ဆုံး​ ၃၀ ​ကျော် ကျန်​နေ​သေး​တယ်လို့​ ​အေဘီအက်စ်ဒီအက်ဖ် ဒုဥက္ကဋ္ဌ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။ ကျောင်း​သား​တပ်မ​တော်ရဲ့​ လက်ရှိ နိုင်ငံ​ရေး​ဗျူဟာက လက်နက်ကိုင်တိုက်ပွဲနဲ့​ လူထုတိုက်ပွဲ ​ပေါင်း​စပ်​ရေး​ဖြစ်ပြီး​ ​ကျောင်း​သား​တပ်မ​တော်က ရဲ​ဘော် ​တော်​တော်များ​များ​ အဖမ်း​ခံထား​ရပါတယ်။ ဒီမိုက​ရေစီအသွင်ကူး​ပြောင်း​ရေး​ လုပ်ငန်း​စဉ်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို အကုန်လွှတ်​ပေး​ပြီး​ တပြည်လုံး​ အပစ်ရပ်ဖို့​ဟာ အရင်ဆုံး​လိုအပ်ချက်ဖြစ်တယ်လို့​ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။ [caption id="attachment_20064" align="alignright" width="300" caption="ကိုမျိုးဝင်း"][/caption] “အခု ဇန်နဝါရီလ ၁၃ ရက်​နေ့​မှာ လွှတ်​ပေး​တဲ့​ အသုတ်မှာ​တော့​ ၁၃ ​ယောက်ပါလာတယ်။ ကျန်တာ​တော့​ လက်လှမ်း​မီသ​လောက် ပြုစုထား​တဲ့​ အ​ခြေအ​နေရဆိုရင်​တော့​ ၃၀ ​လောက် အကျဉ်း​ထောင်အသီး​သီး​မှာ ကျန်ပါ​သေး​တယ်။ အဓိက အ​ခြေခံအား​ဖြင့်​တော့​ နိုင်ငံ​ရေး​ နည်း​လမ်း​အရ ​ပြေလည်​အောင် ကြိုး​ပမ်း​တဲ့​နေရာမှာပဲ ဖြစ်ဖြစ်၊​ ဒီမိုက​ရေစီ အသွင်ကူး​ပြောင်း​ရေး​အတွက် ကြိုး​ပမ်း​တဲ့​နေရာမှာပဲဖြစ်ဖြစ် ကျ​နော်တို့​ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံ​နေရသူ အား​လုံး​ကို လွှတ်​ပေး​ဖို့​လိုတယ်။ ဒီမိုက​ရေစီ ကူး​ပြောင်း​ဖို့​ အစီအစဉ် ​ဖော်​ဆောင်မယ်ဆိုရင် အား​လုံး​ပါဝင်နိုင်တဲ့​ နိုင်ငံ​ရေး​ အခင်း​အကျင်း​၊​ တိုင်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​မှာ အား​လုံး​ပါဝင်နိုင်တဲ့​ အ​ခြေအ​နေဖြစ်လို့​ ဖန်တီး​ပေး​ဖို့​လိုတယ်။ ကျ​နော်တို့​ ​အေဘီအက်စ်ဒီအက်ဖ်က ရဲ​ဘော်​တွေအပါအဝင် ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျ​နေတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​အား​လုံး​ကို ခြွင်း​ချက်မရှိ အမြန်ဆုံး​ လွှတ်​ပေး​ဖို့​ လိုအပ်တယ်ဆိုတာ​တော့​ ကျ​နော်တို့​ အဖွဲ့​အစည်း​အ​နေနဲ့​တော့​ သ​ဘောထား​ရှိပါတယ်။” အခုအချိန်ထိ မလွတ်​မြောက်​သေး​တဲ့​ ​ကျောင်း​သား​တပ်မ​တော် ရဲ​ဘော်​တွေထဲမှာ ​ထောင်ဒဏ် တသက်တကျွန်း​၊​ အနှစ် ၆၀ ​ကျော်အထိ ချမှတ်ခံထား​ရသူ​တွေ ပါဝင်ပြီး​ သူတို့​ကို ၁၉၉၀ အလွန် နှစ်​တွေက​နေ မကြာခင်နှစ်​တွေအတွင်း​ အစိုး​ရက ဖမ်း​ဆီး​ထောင်ချခဲ့​တာလို့​ သိရပါတယ်။ ဒါ့​အပြင် အခုလ ၁၀ ရက်​နေ့​က အစိုး​ရဘက်က​နေ ငြိမ်း​ချမ်း​ရေး​အတွက် ​တွေ့​ဆုံ ​ဆွေး​နွေး​ဖို့​ ကမ်း​လှမ်း​ထား​တာကို အပြုသ​ဘော တုံ့​ပြန်သွား​ဖို့​ သ​ဘောထား​ ရှိတယ်လို့​ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။ “သူတို့​ကမ်း​လှမ်း​လာတဲ့​ အ​ပေါ်မှာ​တော့​ အပြုသ​ဘော​ဆောင်တဲ့​ ကမ်း​လှမ်း​မှုလို့​ ကျ​နော်တို့​ သုံး​သပ်တယ်​လေ။ ဒီအ​ပေါ်မှာ ကျ​နော်တို့​အဖွဲ့​အစည်း​အ​နေနဲ့​တော့​ အပြုသ​ဘောတုံ့​ပြန်ဖို့​အတွက်​တော့​ သ​ဘောထား​ရှိတယ်။ ဒါ​ပေမယ့်​ အ​သေး​စိတ်​တော့​ ဒီအချိန်မှာ ​ပြောဖို့​က​တော့​ ​စော​သေး​တယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ အပါအဝင် တပြည်လုံး​အတိုင်း​အတာ အပစ်အခတ်ရပ်စဲ​ရေး​။ ဒါ​တွေဟာ ကျ​နော်တို့​ ကနဦး​အဆင့်​မှာ အပြုသ​ဘော​ဆောင်တဲ့​ ​ဆောင်ရွက်မှု​တွေကို ​ဆောင်ရွက်ဖို့​လိုတယ်လို့​ မြင်ပါတယ်။” မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ဒီမိုကရက်တစ်တပ်ဦး​ (​အေဘီအက်စ်ဒီအက်ဖ်) ဟာ ၁၉၈၈ လူထုအ​ရေး​တော်ပုံကို စစ်တပ်က နှိမ်နင်း​တဲ့​ ​နောက်မှာ လက်နက်ကိုင် ​တော်လှန်​ရေး​လုပ်ဖို့​ နယ်စပ်ကို ထွက်လာတဲ့​ ​ကျောင်း​သား​တွေနဲ့​ စတင် ဖွဲ့​စည်း​ခဲ့​တာဖြစ်ပါတယ်၊ လွန်ခဲ့​တဲ့​ နှစ်​တွေက အစိုး​ရက တိုင်း​ရင်း​သား​အဖွဲ့​တချို့​နဲ့​ အပစ်ရပ်​ရေး​၊​ ငြိမ်း​ချမ်း​ရေး​ကိစ္စ​တွေ ​ဆွေး​နွေး​ခဲ့​ပေမယ့်​ ​ကျောင်း​သား​တပ်မ​တော်ကို တိုက်ရိုက် ကမ်း​လှမ်း​တာမျိုး​ မရှိခဲ့​ပါဘူး​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024