A d v e r t i s e m e n t With Us

အက်သလက်တီကိုမက်ဒရစ်က တိုက်စစ်မှူး ဂရစ်ဇ်မန်းကို စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်

ဓာတ်ပုံ - ရိုက်တာ
စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းက တိုက်စစ်မှူး ဂရစ်ဇ်မန်းကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေပါတယ်။ မက်ဒရစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းကို မန်ယူအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတာပါ။ ပြင်သစ်တိုက်စစ်မှူးဟာ တီကိုအသင်းမှာ ခြေစွမ်းပြ ကစားနေသူလည်း ဖြစ်ပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုက ဂရစ်ဇ်မန်းကို ပေါင် ၈၅ သန်းအထိပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင်ထားတယ်လို့ သတင်းတွေမှာ ခန့်မှန်းထားပါတယ်။ အက်သလက်တီကိုအသင်းက ဂရစ်ဇ်မန်းကို လစာတိုးပေးပြီး အသင်းမှာ ဆက်ထိန်းနိုင်ဖို့ ရည်ရွယ်နေတာပါ။ တိုက်စစ်မှူးရဲ့ လောလောဆယ် တပတ်လုပ်ခလစာဟာ ပေါင် ၁ သိန်း ၂ သောင်း ဖြစ်ပြီး တီကိုအသင်းက ပေါင် ၁ သိန်း ၈ သောင်းအထိ တိုးပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးရဲ့ တီကိုအသင်းနဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂၀၂၁ ခုနှစ် ကုန်ဆုံးမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up