Home
မြန်မာသတင်း
မြန်မာသမ္မတ ဦးထင်ကျော် မဟာတံတိုင်းကြီးသို့ သွားရောက်လေ့လာ
DVB
·
April 10, 2017
တရုတ်နိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ကမ္ဘာ့အံ့ဖွယ် ၇ ခုမှာ ပါဝင်တဲ့ မဟာတံတိုင်းကြီးကို သွားရောက်လေ့လာခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ သမ္မတဦးထင်ကျော်နဲ့  ဇနီး ဒေါ်စုစုလွင် ဦးဆောင်တဲ့ အဖွဲ့ဟာ ဧပြီ ၉ ရက်နေ့ မနက်ပိုင်းက ပေကျင်းမြို့ လင်ကွမ်းကျောင်းတော် စွယ်တော်တိုက်မှာ ဗုဒ္ဓရဲ့ လက်ဝဲဘက် အထက်စွယ်တော်မြတ်ကို သွားရောက်ဖူးမြော်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင်တရုတ်-မြန်မာ ၂ ဘာသာနဲ့ ထုတ်ဝေတဲ့  “မင်းသုဝဏ်နှင့်တရုတ်ပြည်ရေစက်”စာအုပ် ဖြန့်ချိထုတ်ဝေတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ သမ္မတ ဦးထင်ကျော်ရဲ့ ဖခင် ဆရာကြီးမင်းသုဝဏ် ရေးသားထားတဲ့ တရုတ်ပြည်ခရီးစဉ်ဆောင်းပါးတွေနဲ့  ဆရာကြီးမင်းသုဝဏ် ဘာသာပြန်ခဲ့တဲ့ တရုတ်စာပေလက်ရာတွေနဲ့  မြန်မာ့ယဉ်ကျေးမှု အကြောင်းအရာများ ပါဝင်ပါတယ်။ ဓာတ်ပုံ - Myanmar President Office
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024