မြန်မာပြည်အလယ်ပိုင်းဒေသ၌ နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်ထိ မြင့်တက်နေ
DVB
·
April 10, 2017
မကွေး၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသမြို့တွေမှာ နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်တဲ့အထိ အပူချိန်တွေမြင့်တက်လာနေပါတယ်။
ထူးခြားတဲ့ နေ့အပူချိန်တွေအဖြစ် ချောက်မြို့မှာ အမြင့်ဆုံး ၄၆ ဒီဂရီစင်တီဂရိတ်၊ ညောင်ဦး၊ မကွေးနဲ့ ဂန့်ဂေါမြို့မှာ ၄၄ ဒီဂရီစင်တီဂရိတ်စီ၊ မုံရွာ၊ မြင်းခြံ၊ မြင်းမူ၊ မင်းဘူး၊ တောင်တွင်းကြီး၊ ပေါက်နဲ့ ဆင်ဖြူကျွန်းမြို့တွေမှာ ၄၃ ဒီဂရီစင်တီဂရိတ်စီ ရှိတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
မန္တလေးမြို့ရဲ့ အမြင့်ဆုံးအပူချိန်မှာ ၄၃ ဒီဂရီစင်တီဂရိတ်ရှိပြီး နေပြည်တော်မှာတော့ အမြင့်ဆုံးအပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်နဲ့ ရန်ကုန်မြို့မှာ အမြင့်ဆုံးအပူချိန်မှာ ၃၈ ဒီဂရီစင်တီဂရိတ် ရှိပါတယ်။