ကျောက်ဆည်တွင် ဆင်မင်းဘိလပ်မြေစက်ရုံအလုပ်သမားများ ဆန္ဒပြ (ဓာတ်ပုံ)
Aung Aung Naing
·
April 10, 2017
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ္ပင်ကျေးရွာရှိ ဆင်မင်းဘိလပ်မြေလုပ်ငန်း အလုပ်သမား ၂၀၀ ကျော်လောက်ဟာ ဒီကနေ့ ကျောက်ဆည်မြို့မှာ လှည့်လည်ပြီး အလုပ်သမား အခွင့်အရေးအတွက် တောင်းဆို ဆန္ဒပြကြပါတယ်။
မြို့အ၀င်ဆင်နှစ်ကောင်နေရာကနေ ရန်ကုန်-မန္တလေးလမ်းအတိုင်းလှည့်လည် လမ်းလျှောက် ကြွေးကြော်သံတွေ အော်ဟစ်ကာ ဆန္ဒပြခဲ့ပြီး ငှက္ကတောင်ကွင်းမှာ ဟောပြောပွဲတွေလည်း ပြုလုပ်ခဲ့ကြ ပါတယ်။
ခွဲခြားဆက်ဆံမှုမရှိရေး၊ တန်တူအခွင့်အရေးရရှိရေး၊ နေ့စားအလုပ်သမားများကို အမြဲတမ်း အလုပ်သမားအဖြစ် ခန့်အပ်ရေးအပါအဝင် အချက် ၉ ချက်ကို အလုပ်သမားတွေက တောင်းဆိုထားပြီး တောင်းဆိုချက်တွေ မရရှိပါက ထိုင်သပိတ်ပြုလုပ် ဆန္ဒထုတ်ဖော်သွားမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။