A d v e r t i s e m e n t With Us

နာမည်ကြီး ဂူချီတံဆိပ်၏ ကျော်ကြားသည့် ကြော်ငြာများနောက်ကွယ်မှ အနုပညာရှင် (ရုပ်သံ)

ထိုင်ဝမ်နိုင်ငံက ဂျွန်ယူရီ (John Yuyi) ဟာ လူမှုကွန်ရက်စာမျက်နှာကို စွဲစွဲလမ်းလမ်းသုံးစွဲတဲ့ အနုပညာရှင်တဦးပါ။ သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ရုန်းကန်ခဲ့ရတာနဲ့ သူမရဲ့ နာမည်ကြီး လက်ရာတွေအကြောင်း လူမှုကွန်ရက် အနုပညာကဏ္ဍမှာ ဆွေးနွေးပြောကြားခဲ့ပါတယ်။ သူမရဲ့ နာမည်ကြီးအနုပညာ လက်ရာတွေကို ဂူချီ (Gucci) ကုမ္ပဏီက အသုံးပြုခဲ့တယ်လို့ ဘီဘီစီရဲ့ ဧပြီ ၉ ရက်နေ့ သတင်းမှာ ရေးသားထားပါတယ်။ သူမက ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်က ဓာတ်ပုံတွေကို သူမရဲ့ခန္ဓာကိုယ်ပေါ် ယာယီတက်တူးပုံစံထိုး၊ ဓာတ်ပုံပြန်ရိုက်ပြီး လူမှုကွန်ရက် စာမျက်နှာထက်မှာ ပြသ ကျော်ကြားလာခဲ့တာပါ။ တွစ်တာပေါ်မှာ သုံးလေ့ရှိတဲ့ သင်္ကေတတွေကို ယာယီတက်တူးထိုးထားတဲ့ သူမရဲ့ပုံတွေနဲ့ တခြား အနုပညာပုံတွေက လူမှုကွန်ရက်မှာ ပိုမိုပျံ့နှံ့နေတာပါ။ ယူရီဟာ နာမည်ကြီး ဂူချီတံဆိပ်ကုမ္ပဏီက ၂၀၀၀ ခုနှစ် မွေးဖွားသူများအတွက် ရည်စူးတဲ့ ကြော်ငြာအသစ်တွေအတွက် ရွေးချယ်လိုက်တဲ့ ပထမဦးဆုံးသော ထိုင်ဝမ်အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ဒီဇိုင်းတွေက အင်စတာဂရမ်ပေါ်မှာ ဂူချီကတင်တဲ့ နာမည်ကျော် လူသိအများဆုံးပုံတွေ ဖြစ်လာတာပါ။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ မလွယ်ခဲ့ဘူးလို့ သူမက ပြောပါတယ်။ သူမငယ်စဉ်က ပန်းချီရေးဆွဲတာနဲ့ အနုပညာအလုပ်တွေကို နှစ်သက်ကြောင်း၊ ဒါပေမယ့် သူမရဲ့ အဖွားက သူမကို အနုပညာရှင် မလုပ်ရဘူးလို့ တားမြစ်ခဲ့ကြောင်း ပြောပါတယ်။ ထိုင်ဝမ်မှာ မိဘအများစုက သူတို့သားသမီးတွေ ပုံမှန်ဝင်ငွေနဲ့ အလုပ်ရှိစေချင်တယ်၊ အနုပညာရှင်အလုပ်က ဝင်ငွေကောင်းကောင်းမရဘဲ တည်ငြိမ်တဲ့ဘဝ မရနိုင်ဘူးလို့ မိဘတွေက ထင်ကြောင်း သူမက ဆက်ပြောပါတယ်။ သူမမှာ စိုးရိမ်စိတ်တိုးစေတဲ့ ဘိုင်ပိုလာ ကစဥ့်ကလျားရောဂါရှိပြီး ဒီအနုပညာအလုပ်တွေကို စလုပ်ချိန်မှာ ပိုမိုငြိမ်းချမ်းပြီး စိုးရိမ်စိတ်တွေ လျော့ကျလာတယ်လို့ သိရပါတယ်။ လူငယ်တွေ လူမှုကွန်ရက်စာမျက်နှာတွေသုံးပြီး သူတို့ရဲ့ အနုပညာလုပ်ငန်း စလုပ်ဖို့လည်း သူမက တိုက်တွန်းထားပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up