နိုင်ငံတကာ အပြေးသမားများ ပါဝင်ယှဉ်ပြိုင်သည့် ပြုံယမ်း မာရသွန်ပြေးပွဲ ကျင်းပ

ဓာတ်ပုံ - အေအက်ဖ်ပီ
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ပြုံယမ်း မာရသွန်ပြေးပွဲကို ဧပြီ ၉ ရက်က ကျင်းပခဲ့ပြီး အခုနှစ်မှာလည်း နိုင်ငံတကာက အပြေးသမားတွေ ပါဝင်ခဲ့ကြပါတယ်။ ဒီ ပြုံယမ်းမာရသွန် အပြေးပြိုင်ပွဲဟာ ဧပြီ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ မြောက်ကိုရီးယားနိုင်ငံကို ထူထောင်သူ ခေါင်းဆောင်ကြီး ကင်အီဆွန်း (Kim Il Sung) ရဲ့ မွေးနေ့အထိမ်းအမှတ်နဲ့ ကျင်းပတာပါ။ ဒီပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ဂျပန် စတဲ့နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၅၀ လောက်က ဝါသနာရှင် အပြေးသမား ၁၁၀၀ လောက် ဝင်ပြိုင်ခဲ့ကြတယ်လို့ အစိုးရပိုင် ရုပ်သံသတင်းဌာနက ကြေညာပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ကြီးက ပိတ်ပင်ထားတဲ့ နျူကလီးယားဗုံး စမ်းသပ်မှုတွေ၊ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေကို ဆက်တိုက် လုပ်ဆောင်နေတဲ့အတွက် နိုင်ငံတကာက အပြင်းအထန် ပြစ်တင်ရှုတ်ချခံနေရတာပါ။ လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အားကစားကို နှစ်သက်ခုံမင်သူတဦး ဖြစ်တဲ့အတွက် အားကစားနဲ့ နိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ နိုင်ငံ့စီးပွားရေးကို မြှင့်တင်ဖို့အတွက် အားကစားနဲ့ နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့ ကြိုးစားနေတယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up