A d v e r t i s e m e n t With Us

အာရှဖလားခြေစစ်ပွဲအောင်ရေး အဆုံးအဖြတ်ပွဲအဖြစ် မြန်မာအမျိုးသမီးအသင်း ဗီယက်နမ်နှင့် ယှဉ်ပြိုင်ရမည်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
အာရှဖလားခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအမျိုးသမီးအသင်းဟာ ခြေစစ်ပွဲအောင်ရေး အဆုံးအဖြတ်ပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနဲ့ လာမယ့် ဧပြီ ၁၁ ရက်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ အီရန်ကို ၂ ဂိုး ဂိုးမရှိ၊ ဒုတိယပွဲမှာ ဆီးရီးယားကို ၁၄ ဂိုး ဂိုးမရှိ၊ တတိယပွဲမှာ စင်ကာပူအသင်းကို ၆ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ အနိုင်ရရှိထားပါတယ်။ အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီး မြန်မာအမျိုးသမီးအသင်းက ၃ ပွဲ ကစား ၃ ပွဲနိုင်၊ ရမှတ် ၉ မှတ်၊ ဗီယက်နမ်အသင်းကလည်း ၃ ပွဲကစား ၃ ပွဲနိုင်၊ ရမှတ် ၉ မှတ်နဲ့ အုပ်စု ဒီမှာ အပြိုင်ဖြစ်နေတာပါ။ ဒါပေမယ့် ဂိုးကွာခြားချက်မှာ ဗီယက်နမ်အသင်းက ၂ ဂိုး အသာရထားတာကြောင့် အုပ်စုပထမနေရာမှာ ရပ်တည်နေပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ အိမ်ရှင် ဗီယက်နမ်အသင်းက မြန်မာအသင်းကို သရေကစားနိုင်ရင်ပဲ ခြေစစ်ပွဲအောင်မှာဖြစ်ပေမယ့် မြန်မာအသင်းကတော့ အနိုင်ရမှ ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။ ၂၀၁၈ အမျိုးသမီး အာရှဖလားပြိုင်ပွဲကို ဂျော်ဒန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာပါ။ ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဂျပန်၊ ဒုတိယရခဲ့တဲ့ သြစတြေးလျနဲ့ တတိယရခဲ့တဲ့ တရုတ်အသင်းတို့က ခြေစစ်ပွဲ ကစားစရာမလိုဘဲ တိုက်ရိုက်ကစားခွင့်ရထားပါတယ်။ ဒီအသင်း သုံးသင်းနဲ့အတူ အိမ်ရှင် ဂျော်ဒန်နဲ့ ခြေစစ်ပွဲအုပ်စု ၄ ခုက အုပ်စုပထမအသင်း ၄ သင်း စုစုပေါင်း ၈ သင်းက နောက်ဆုံးအဆင့်ပြိုင်ပွဲ ကစားရမှာပါ။ နောက်ဆုံးအဆင့်မှာ ထိပ်ဆုံး ၅ သင်း စာရင်းဝင်တဲ့ အသင်းတွေကတော့ ၂၀၁၉ အမျိုးသမီးကမ္ဘာ့လား ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up