Home
မေးမြန်းခန်း
တဆင့်​ချင်း​ တဆင့်​ချင်း​ နိုင်ငံ​ရေး​ကိစ္စ​တွေကို ​ဆွေး​နွေး​ပြောဆိုသွား​မယ်
နော်နိုရင်း
·
January 16, 2012
ကရင်အမျိုး​သား​အစည်း​အရုံး​(​ကေအန်ယူ) အ​နေနဲ့​ အစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ လာမယ့်​ ၄၅ ရက်အတွင်း​ ထပ်မံ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ အ​သေး​စိတ် ဆက်လက် ​ဆွေး​နွေး​သွား​မယ်လို့​ သိရပါတယ်။ ပြီး​ခဲ့​တဲ့​အပတ်ထဲ ​တွေ့​ဆုံ​ဆွေး​နွေး​မှုနဲ့​ ပတ်သက်ပြီး​ သွား​ရောက်​ဆွေး​နွေး​ခဲ့​တဲ့​ထဲ ပါဝင်တဲ့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲရဲ့​ ဒုတာဝန်ခံလည်း​ဖြစ်၊​ လက်ရှိ နိုင်ငံခြား​ရေး​ရာ တာဝန်ခံလည်း​ဖြစ်တဲ့​ ပဒို​ဒေး​ဗစ်​ထောကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ အန်ကယ်တို့​သွား​တော့​ ဘာ​တွေ​ဆွေး​နွေး​ဖြစ်လဲ။ [caption id="attachment_20044" align="alignleft" width="300" caption="ပဒိုဒေးဗစ်ထော"][/caption] “အဓိက​တော့​ ကျ​နော်တို့​ ​ကေအန်ယူ ဗဟို​ကော်မတီက​နေ သ​ဘောတူထား​တဲ့​ တင်ပြချက် ၁၁ ချက်ကို ကျ​နော်တို့​ ယူသွား​တယ်။ ကျ​နော်တို့​က တင်ပြတဲ့​အခါကျ​တော့​ သူတို့​ဘက်ကလည်း​ အဲဒီ ၁၁ ချက်ကို ပြန်လည်သုံး​သပ်ပြီး​တော့​ ကျ​နော်တို့​ အ​သေး​စိတ်လုပ်ငန်း​တွေ အတွက်ကို ဆက်​ဆွေး​နွေး​နိုင်ဖို့​နဲ့​ အခု​လော​လောဆယ် ဒီ ၁၁ ချက်ကို မူအား​ဖြင့်​ သ​ဘောတူညီတဲ့​ အဆင့်​ကို လုပ်နိုင်ခဲ့​တယ်။” အန်ကယ်တို့​ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘောတူညီချက်​တွေ​ကော ဘယ်လိုရှိလဲ။ “ကျ​နော်တို့​ စာချုပ် ၂ ခုလုပ်ခဲ့​ပါတယ်။ တခုက အပစ်အခတ် ရပ်စဲ​ရေး​နဲ့​ ပတ်သက်လို့​ သ​ဘောတူညီချက်တ​စောင်၊​ ၁၁ ချက်နဲ့​ပတ်သက်ပြီး​တော့​ ပြည်​ထောင်စု အဆင့်​နဲ့​ ​ဆွေး​နွေး​ဖို့​ သ​ဘောတူညီချက် တ​စောင်၊​ ၂​စောင် ခွဲလုပ်ပါတယ်။ အဲဒီ ၂ ​စောင်မှာ ကရင်ပြည်နယ် အတိုင်း​အတာနဲ့​ ကရင်ပြည်နယ်နဲ့​ ထိစပ်​နေတဲ့​ တပ်မဟာ​တွေရဲ့​ ​ခေါင်း​ဆောင်၊​ ခရိုင်​တွေက ​ခေါင်း​ဆောင်​တွေက လက်မှတ်ထိုး​ပြီး​တော့​ ပြည်​ထောင်စု အဆင့်​ကိုကျ​တော့​ ကျ​နော်တို့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ အဖွဲ့​က​နေ တာဝန်ခံပြီး​ လက်မှတ်​ရေး​ထိုး​ကြပါတယ်။” အပစ်အခတ် ရပ်စဲ​ရေး​လက်မှတ် ထိုး​တာကျ​တော့​ ဘယ်လိုပုံစံနဲ့​ ထိုး​ခဲ့​တာလဲ။ “အပစ်အခတ် ရပ်စဲ​ရေး​နဲ့​ ပတ်သက်တာ​တော့​ တစ်အချက်က အပစ်အခတ် ရပ်မယ်။ နှစ်အချက်က ဆက်သွယ်​ရေး​ရုံး​တွေ ဖွင့်​မယ်။ သုံး​အချက်က​တော့​ လက်နက်မပါဘဲနဲ့​ သွား​လာလှုပ်ရှား​မှုကို တ​ယောက်နဲ့​တ​ယောက် အ​ကြောင်း​ကြား​မယ်။ ​နောက်ပြီး​တော့​ နိုင်ငံ​တော် ပြည်​ထောင်စုအဆင့်​နဲ့​ ​ဆွေး​နွေး​တဲ့​အခါမှာ အဖွဲ့​အစည်း​နဲ့​ လူ​တွေကို သတ်မှတ်ပြီး​တော့​ ​ဆွေး​နွေး​ပွဲ စမယ်။ အဲဒီအချက်​တွေ ပါပါတယ်။” ဆက်သွယ်​ရေး​ရုံး​တွေက ဘယ်နှရုံး​လောက်ဖွင့်​ဖို့​ ရည်မှန်း​ထား​လဲ။ ဘယ်​နေရာ​လောက် ဖွင့်​ဖို့​ ရည်မှန်း​ထား​လဲ။ “ဆက်သွယ်​ရေး​ရုံး​နဲ့​ ပတ်သက်ရင် ဗဟိုအ​နေနဲ့​က မြဝတီနဲ့​ ဘား​အံကို ဖွင့်​မှာဖြစ်ပြီး​တော့​ မြိတ်၊​ ထား​ဝယ်ဘက်မှာဆို ​နေရာ ၃ခု၊​ ​နောက်တပ်မဟာ ၆ ဘက်က​နေရာ ၂ ခု၊​ ​တောင်ငူက ​နေရာ ၂ ခု၊​ တပ်မဟာ ၁ ဘက်က ​နေရာ ၂ခု၊​ ဘား​အံခရိုင် တပ်မဟာ ၇ ​နေရာ ၁ခု၊​ ​နောက်ပြီး​ ​ညောင်​လေး​ပင်လည်း​ ​နေရာ ၁ ခု၊​ အစရှိသဖြင့်​ ​နေရာ​တွေကို သတ်မှတ်ထား​ပါတယ်။ အဲဒီ ဆက်သွယ်​ရေး​ရုံး​တွေ ဖွင့်​ဖို့​။” ဘယ်​တော့​ဖွင့်​ဖို့​ စဉ်း​စား​ထား​လဲ။ “အမြန်ဆုံး​က​တော့​ ဗဟိုဖြစ်တဲ့​ မြဝတီနဲ့​ အမြန်ဆုံး​ဖွင့်​ဖို့​ ကြိုး​စား​ရပါမယ်။ ​နောက်တကြိမ်ဆိုတာကလည်း​ ​တွေ့​ဆုံမှာက ကျ​နော်တို့​ ရက်သတ်မှတ်ထား​တာ ၄၅ ရက်၊​ မ​ကျော်တဲ့​အချိန်ကာလမှာ ကျ​နော်တို့​ နိုင်ငံ​တော်အဆင့်​နဲ့​ ဒါမှမဟုတ် ပြည်​ထောင်စုအဆင့်​နဲ့​ ​တွေ့​ကြဖို့​အတွက် သ​ဘောတူညီချက် ရှိထား​ပါတယ်။” ဘား​အံမှာ လက်မှတ်ထိုး​ပြီး​တဲ့​နောက်ပိုင်း​မှာ ပဲခူး​နဲ့​နေပြည်​တော်ကို သွား​ရောက်တယ်လို့​ သိရတယ်။ ပဲခူး​နဲ့​ ​နေပြည်​တော်ကို ဘာအတွက် သွား​ခဲ့​တာလဲ။ “ဘား​အံမှာ လက်မှတ်​ရေး​ထိုး​ပြီး​တဲ့​ ည​နေမှာပဲ ​မော်လမြိုင်ကို သွား​ပါတယ်။ ​မော်လမြိုင်မှာ မွန်ပြည်နယ်ရဲ့​ ဝန်ကြီး​ချုပ်က ကျ​နော်တို့​ကို ကြိုဆိုပါတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ မွန်ပြည်နယ် ဝန်ကြီး​ချုပ်နဲ့​ မ​တွေ့​လို့​ မဖြစ်ဘူး​ဆိုတာက ကျ​နော်တို့​ တပ်မဟာ ၆ နယ်​မြေဆိုရင် မွန်ပြည်နယ်နဲ့​ တပ်မဟာ ၁ ဆိုရင်လည်း​ မွန်ပြည်နယ်နဲ့​ ဆက်စပ်​နေတာ​ကြောင့်​ မွန်ပြည်နယ်က တာဝန်ရှိပုဂ္ဂိုလ်များ​လည်း​ သိရှိဖို့​လိုအပ်တယ်။ အဲဒါ​ကြောင့်​ အဲဒီကို သွား​ခဲ့​ခြင်း​ဖြစ်တယ်။ ​နောက်တရက်မှာ ပဲခူး​ကိုသွား​တယ်။ ပဲခူး​မှာလည်း​ ထိုနည်း​တူပဲ။ ပဲခူး​တိုင်း​နဲ့​ ဆက်စပ်​နေတဲ့​အတွက် ကျ​နော်တို့​ရဲ့​ နယ်​မြေအချို့​က လုပ်​ဆောင်ရမယ့်​ ရုံး​ကိစ္စတို့​ ဆက်သွယ်​ရေး​ ကိစ္စတို့​ကို ကျ​နော်တို့​အ​နေနဲ့​ ရှင်း​ရှင်း​လင်း​လင်း​ သိရှိနိုင်ဖို့​ ကျ​နော်တို့​ တင်ပြပြီး​တော့​ အကူအညီ ​ပေး​ဖို့​တောင်း​ဆိုခဲ့​ခြင်း​ ဖြစ်ပါတယ်။ ​နေပြည်​တော်ကို သွား​တာက​တော့​ ကျ​နော်တို့​ လုပ်ငန်း​အရ ဟိုမှာရှိတဲ့​ ​ခေါင်း​ဆောင်​တွေနဲ့​လည်း​ ​တွေ့​ဖို့​ ကျ​နော်တို့​ အစီအစဉ် ရှိတဲ့​အ​ပေါ်မှာ သွား​ခဲ့​ခြင်း​ဖြစ်တယ်။ ကျ​နော်တို့​ကိုလည်း​ ​နေပြည်​တော်က ဒုသမ္မတ စိုင်း​မောက်ခမ်း​က ညစာနဲ့​ တည်ခင်း​ဧည့်​ခံပြီး​တော့​ ကာကွယ်​ရေး​ ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​ လှမင်း​ရော၊​ တခြား​ဝန်ကြီး​ ၆ ပါး​လည်း​၊​ တက်​ရောက်ပြီး​တော့​ ညစာစား​ပွဲမှာ ​တွေ့​ရတယ်။ ဒုဝန်ကြီး​ ၆ ပါး​လည်း​ ပါဝင်ပြီး​ ဌာနဆိုင်ရာ ​ခေါင်း​ဆောင်​တွေလည်း​ ပါဝင်ပါတယ်။” အဲဒီမှာ ဘာ​တွေ​ဆွေး​နွေး​ဖြစ်ခဲ့​သေး​လဲ။ “ကျ​နော်တို့​ အဓိက​တော့​ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ ပတ်သက်လို့​ နိုင်ငံ​တော် သမ္မတရုံး​က​နေ သူတို့​တပ်​တွေစီကို ညွှန်ကြား​တဲ့​ ညွှန်ကြား​စာ​တွေကို ကျ​နော်တို့​ကို ​ပေး​အပ်ပါတယ်။ ပြီး​တော့​ တပ်​တွေဆီကိုလည်း​ ညွှန်ကြား​ပြီး​ဖြစ်တဲ့​ အ​ကြောင်း​ကိုလည်း​ ကျ​နော်တို့​ကို အသိ​ပေး​ပါတယ်။ ဒါက​တော့​ အဓိက ကိစ္စပါ။ ​နောက်တခုက ကျ​နော်တို့​အ​နေနဲ့​ တခြား​သော အခု ၁၁ ချက်ထဲက ပါဝင်တဲ့​ အချက်တချို့​ကို ​ယေဘုယျအား​ဖြင့်​ ​ဆွေး​နွေး​နိုင်ခဲ့​ပါတယ်။” တပ်​တွေကို ညွှန်ကြား​တဲ့​စာဆိုတာ ဘယ်လိုမျိုး​စာလဲ။ “စာက​တော့​ သမ္မတရုံး​က​နေ တပ်မ​တော်ကို အ​ကြောင်း​ကြား​တဲ့​စာ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲထား​ပြီး​ ဖြစ်တဲ့​အတွက် ပစ်ခတ်မှု​တွေကို ​ရှောင်ရှား​ဖို့​အတွက် ညွှန်ကြား​ထား​တာဖြစ်ပါတယ်။ ၁၃ ရက်​နေ့​ ရက်စွဲနဲ့​။” ကေအန်ယူဘက်က​ရော တပ်​တွေကို ညွှန်ကြား​ထား​တာ ရှိပြီလား​။ “ကျ​နော်တို့​ဘက်ကလည်း​ ညွှန်ကြား​ထား​တာ ရှိပါတယ်။” ကေအန်ယူအ​နေနဲ့​ အခု နှစ်​ပေါင်း​ ၆၀ ​ကျော် ကာလအတွင်း​မှာ ပထမဆုံး​အကြိမ် အပစ်အခတ် ရပ်စဲ​ရေး​ လက်မှတ်ထိုး​တာ ဖြစ်တဲ့​အတွက် ​နောက်ပိုင်း​မှာ နိုင်ငံ​ရေး​အရ ဘယ်လိုလုပ်ငန်း​တွေ ဆက်လုပ်ဖို့​ ပြင်ဆင်ထား​လဲ။ “ကျ​နော်တို့​ အ​နေနဲ့​က တဆင့်​ချင်း​ တဆင့်​ချင်း​ နိုင်ငံ​ရေး​ကိစ္စ​တွေကို ​ဆွေး​နွေး​ပြောဆိုသွား​မယ်ဆိုတာကို ကျ​နော်တို့​ ရှိပါတယ်။ အခု ​လော​လောဆယ်က ပြည်သူပြည်သား​တွေကို ကျ​နော်တို့​ရဲ့​ ပဋိပက္ခဖြစ်တဲ့​ နယ်​မြေ​တွေက လူ​တွေကို ပြန်လည်ပြီး​တော့​ ​နေရာချထား​ဖို့​၊​ ပြန်လည်ထူ​ထောင်​ရေး​ လုပ်ဖို့​ကိစ္စက နံပါတ်တစ် အ​ရေး​ကြီး​တဲ့​ ကိစ္စဖြစ်ပါတယ်။ အဲဒီက​နေ တက်သွား​မှာက ခုန​ပြောတဲ့​ နိုင်ငံ​ရေး​ အဆင့်​ဆိုတာက ကျ​နော်တို့​ နိုင်ငံ​ရေး​အရ ပြုပြင်​ပြောင်း​လဲချင်တဲ့​ဟာ​တွေကို ပြုပြင်နိုင်တဲ့​ နည်း​လမ်း​က​နေ တဆင့်​ သွား​ရမယ်ဆိုတာကို ကျ​နော်တို့​ သ​ဘော​ပေါက်ပါတယ်။ ဘာလို့​လည်း​ဆို​တော့​ ဒီ​နေ့​နိုင်ငံ​ရေး​ ကိစ္စက ပါလီမန်နိုင်ငံ​ရေး​ ဖြစ်​နေပြီဖြစ်တဲ့​အတွက် ပါလီမန်အတွင်း​ကို ဝင်​ရောက်ပြီး​တော့​ ကျ​နော်တို့​ရဲ့​ အမြင်သ​ဘောထား​တွေကို ကျ​နော်တို့​ ပြင်ချင်တဲ့​ဟာ​တွေ ကျ​နော်တို့​ ​ပြောင်း​လဲချင်တဲ့​ဟာ​တွေကို စဉ်း​စား​ဖို့​ လိုအပ်ပါတယ်။” ဒုက္ခသည် ကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ​မေး​မြန်း​၊​ ​ဆွေး​နွေး​တာမျိုး​တွေ ရှိခဲ့​သေး​လား​။ “ရှိပါတယ်။ ကျ​နော်တို့​အ​နေနဲ့​ အဓိက​တော့​ ပြည်တွင်း​မှာ အိုး​မဲ့​အိမ်မဲ့​ ဖြစ်​နေတဲ့​ ဌာ​နေမဲ့​လူ​တွေကို ကျ​နော်တို့​ ပထမဆုံး​ အစီအစဉ်အ​နေနဲ့​ သူတို့​ကို ပြန်လည်​နေရာချထား​ရေး​ ပြုစုပျိုး​ထောင်​ရေး​ လုပ်​ပေး​ပြီး​မှ ဒုက္ခသည်ကိစ္စကို ကျ​နော်တို့​ ကိုင်တွယ်မှာပါ။ ပြည်တွင်း​မှာရှိတဲ့​ ဒုက္ခသည်​တွေက ရိက္ခာပိုင်း​ပဲ ​ပြော​ပြော၊​ လုံခြုံ​ရေး​အပိုင်း​ပဲ ​ပြော​ပြော၊​ သူတို့​မှာ ဘဝအာမခံချက် မရှိဘူး​။ ဒုက္ခသည်စခန်း​မှာ ရှိတဲ့​လူက အတိုင်း​အတာ တခုထိ လုံခြုံ​ရေး​နဲ့​ ဒီ​နေ့​ ရိက္ခာပိုင်း​မှာ သူတို့​ပူစရာ မရှိဘူး​လို့​ ​ပြောချင်တယ်။ ဒါ​ကြောင့်​ အ​ရေး​ကြီး​တဲ့​လူကို ကျ​နော်တို့​ နံပါတ်တစ် ဦး​စား​ပေး​ လုပ်သွား​မှာပါ။” အစိုး​ရဘက်က​ကော ဒီကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ဘယ်လိုတုံ့​ပြန်တာမျိုး​တွေ ရှိသလဲ။ “ရှိပါတယ်။ ​ဆွေး​နွေး​ပွဲမှာ အခု​တော့​ ဝန်ကြီး​တာဝန် ထမ်း​ဆောင်​နေတဲ့​ ဦး​ခင်ရီ​ပေါ့​၊​ အရင်တုန်း​က ဗိုလ်ချုပ်ခင်ရီ၊​ သူ့​အ​နေနဲ့​ ပါဝင်မယ်။ သူလည်း​အင်မတန်မှ စိတ်ဝင်စား​တယ်။ ဒီလူ​တွေကိစ္စကို ပြန်စီစဉ်တဲ့​အပိုင်း​မှာ သူလည်း​ တတ်နိုင်တဲ့​ဘက်က ပါဝင်ကူညီပြီး​တော့​ လုပ်​ဆောင်​ပေး​မယ်ဆိုတာကို ကတိ​ပေး​ပါတယ်။”  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024