ဂွမြို့တွင် နေအိမ် ၂ လုံး မီးလောင်
DVB
·
April 9, 2017
ရခိုင်ပြည်နယ်၊ ဂွမြို့ မြို့မရပ်ကွက် ဇလပ်ဖြူလမ်းမှာ ဒီနေ့ မနက် ၇ နာရီက နေအိမ် ၂ လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီမီးဟာ ဦးဗိုက်ကြီး(ခေါ်) ဦးစိုးဝင်း နေအိမ်ကစတင် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး အနားရှိ နေအိမ်တလုံးကိုပါ ကူးစက်သွားတာပါ။
“ဒီနေ့ မနက်ပိုင်း ၇ နာရီခွဲက စလောင်တာပါ။ ၇ နာရီ ၅၀ မီးငြိမ်းပါတယ်။ မီးကြွင်းမီးစက စလောင်တာပါ။ ပေါ့ဆမီး ခင်ဗျ။ လူနေအိမ်နှစ်လုံး လောင်သွားတာပါ။ ဒီနှစ်မှာ ဒီတခါဆိုရင် ဂွမြို့မှာ ဒုတိယအကြိမ် မီးလောင်တာပေါ့။ ပထမအကြိမ်တုန်းက ယာတဲ တဆောင် မီးလောင်သွားတယ်လို့” ဂွမြို့နယ်မီးသတ်ဌာနက မီးသတ်ဦးစီး ရွှေလင်းမောင်က ဒီဗွီဘီကိုပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် နေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုး ၂ သိန်း ဝန်းကျင်ရှိ တယ်လို့ သူက ဆက်လက်ပြောပါတယ်။
မီးဘေးသင့် အိမ်ထောင်စုနှစ်ခုကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အိမ်ထောင်စုတစုကို ငွေကျပ် ၅ သိန်းစီ လှူဒါန်းခဲ့ပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်လို့ ဂွမြို့နယ် ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် တာဝန်ကျ အရာရှိမရှိတာကြောင့် အသေးစိတ်ကို မဖြေပေးနိုင်ဘူးလို့ ဖြေဆိုပါတယ်။
သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ-ကျော်မြင့်မောင်