ဂရိရေပိုင်နက်ထဲ နိုင်ငံတကာမူးယစ်ဂိုဏ်းအား လိုက်လံဖမ်းဆီးခဲ့သည့်ရုပ်သံ ဖြန့်ချိ

635
Greece arrests seven for trafficking drugs from... by BhRefleX
အယ်လ်ဘေးနီးယားနိုင်ငံကနေ အီတလီနိုင်ငံဆီ မြန်နှုန်းမြင့် စက်လှေတွေသုံးပြီး မူးယစ်ဆေးဝါးတွေ အများအပြား တင်ပို့နေတဲ့ နိုင်ငံတကာမူးယစ်ဂိုဏ်းကို ဂရိကမ်းရိုးတန်းစောင့်တပ်က ဖမ်းလိုက်ပါတယ်။
ဒီစစ်ဆင်ရေးကို ရိုက်ကူးထားတဲ့ ရုပ်သံကိုလည်း ဧပြီ ၈ ရက်နေ့က ဖြန့်ချိ လိုက်ပါတယ်။ ဂရိ ကမ်းရိုးတန်းစောင့် မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့က အယ်လ်ဘေးနီးယား နိုင်ငံသား ၅ ဦးနဲ့ ဂရိ နိုင်ငံသား ၂ ဦးကို ဧပြီ ၇ ရက်နေ့က ဖမ်းလိုက်တာပါ။
မပြုပြင်ရသေးတဲ့ ဆေးခြောက် ၁.၅ တန်နဲ့အတူ မြန်နှုန်းမြင့် စက်လှေ ၂ စီးကိုလည်း သိမ်းဆည်းမိခဲ့ပါတယ်။
မူးယစ်ကုန်ကူးသူ ဂိုဏ်းဝင်တွေဟာ ယူရိုငွေ သန်းပေါင်းများစွာ ရနေတယ်လို့ ခန့်မှန်း ထားကြောင်း ဂရိကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။
သူတို့ဟာ အီတလီတောင်ပိုင်း ကမ်းခြေမှာ ပလတ်စတစ်နဲ့ထုပ်ထားတဲ့ ဆေးခြောက်ထုပ်တွေကို ချန်ခဲ့ပြီး ဂရိရေပိုင်နက်ထဲ ဝင်လာချိန်မှာ ဖမ်းမိခဲ့တာလို့လည်း ကမ်းရိုးတန်းစောင့်တပ်က ဆိုပါတယ်။
လနဲ့ချီပြီးကြာတဲ့ စုံစမ်းစစ်ဆေးမှုအတွင်း အီတလီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မူးယစ်ဂိုဏ်းဟာ အယ်လ်ဘေးနီးယား နိုင်ငံထဲမှာ မူးယစ်ဆေး အမြောက်အမြား ဝယ်ခဲ့ပြီး အထူးတပ်ဆင်ထားတဲ့ မြန်နှုန်းမြင့် စက်လှေတွေနဲ့ အီတလီ ကမ်းခြေကို ပို့နေတာလို့ ဆိုပါတယ်။