A d v e r t i s e m e n t With Us

ဗုံးနှင့်တူသည်ပစ္စည်းတခုကို နော်ဝေရဲ ဖောက်ခွဲဖျက်ဆီး

နော်ဝေနိုင်ငံရဲ့ မြို့တော် အော်စလိုမှာ ဗုံးနဲ့တူတဲ့ ပစ္စည်းတခုကို ဖောက်ခွဲခဲ့အပြီး သံသယရှိသူ ၁ ဦးကို ဧပြီ ၈ ရက်နေ့က ဖမ်းလိုက်တယ်လို့ ရဲတွေက ပြောပါတယ်။ အော်စလိုက ဗုံးဖြုတ်သိမ်းရေးအဖွဲ့ ရောက်လာချိန်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံ ကြားရတယ်လို့ ရိုက်တာ သတင်းထောက်က ပြောပါတယ်။ ပစ္စည်းဟာ အပျက်အစီး နည်းနည်းပဲ ဖြစ်နိုင်စွမ်း ရှိပုံရတယ်လို့ ရဲကပြောပြီး သံသယ ရှိသူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေးဖို့ကိုတော့ ရဲက ငြင်းပါတယ်။ ပစ္စည်းတွေ့တဲ့နေရာ ဂရိုအန်လန်းဒေသဟာ တိုင်းရင်းသားအစုံရှိတဲ့ ရပ်ကွက်ဖြစ်ပြီး လူကြိုက်များတဲ့ ဘားတွေ စားသောက်ဆိုင်တွေနဲ့ ဗလီတွေ အတော်များများ ရှိနေပြီး မြို့ရဲ့ အဓိက ရဲစခန်းလည်း ရှိပါတယ်။ နော်ဝေမှာ ၂၀၁၁ ခုနှစ်က လက်ယာစွန်းသမား အန်ဒရေ ဘရီဗစ်ရဲ့ ဗုံးခွဲ ပစ်ခတ်မှုကြောင့် လူ ၇၇ ဦး သေဆုံးခဲ့ပါတယ်။ အိမ်နီးချင်း ဆွီဒင်နိုင်ငံမှာလည်း ဧပြီ ၇ ရက်နေ့က လူအုပ်ကို ကုန်ကားနဲ့ ၀င်တိုက်ခဲ့လို့ လူ ၄ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up