A d v e r t i s e m e n t With Us

မြို့တော်ဝန်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ကမ္ဘာ့အလှမယ်ဟောင်း

ကမ္ဘာ့အလှမယ်ဟောင်းလည်းဖြစ် ဒေသရဲ့နာမည်ကြီးတစ်ဦးလည်းဖြစ်တဲ့ မစ္စစ်ကိုင်ရာနေးလိုပက်စ်ကို ဗြိတိန်ကိုလိုနီမြို့ဖြစ်တဲ့ စပိန်ဂျီဘရော်လ်တာကျွန်းဆွယ်ရဲ့ မြို့တော်ဝန်အသစ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ မစ္စစ်ကိုင်ရာနေးလိုပက်စ် အသက် ၃၀ နှစ်ဟာ ဒီအပတ် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမှာ ဂျီလရော်လ်တာမြို့ရဲ့အငယ်ဆုံး မြို့တော်ဝန်ဖြစ်လာတာပါ။ သူမကို မြို့တော်ဝန်အဖြစ် တာဝန်လွှဲပြီးပြီးချင်းမှာပဲ ဘရီစစ်လို့ခေါ်ဝေါ်နေကြတဲ့ ဥရောပနိုင်ငံသမဂ္ဂ (အီးယူ)ထဲမှာ ဗြိတိန်နိုင်ငံ ခွဲထွက်တဲ့ကိစ္စ ညှိနှိုင်းဆွေးနွေးရေးနဲ့ အီးယူမှ ဗြိတိန်ထွက်သွားတာက ဂျီဘရော်လ်တာ ကျွန်းဆွယ်နိုင်ငံအတွက် ဘယ်လိုသက်ရောက်မလဲဆိုတာတွေကို စဉ်းစားကိုင်တွယ်မှာလို့ ဆိုပါတယ်။ မစ္စစ်ကိုင်ရာနေးလိုပက်စ်ဟာ ခင်ပွန်းဖြစ်သူ ရေကြောင်းကြီးကြပ်စစ်ဆေးရေးမှူး အာရွန်နဲ့ တစ်နှစ်အရွယ် သမီးကလေးတစ်ဦးရှိတယ်လို့ သိရပါတယ်။ ကမ္ဘာ့အလှမယ်မဖြစ်ခင် သူမက အင်္ဂလိပ်နဲ့ စပိန်ဘာသာစကား ၂ မျိုးပြောတတ်ပြီး စိန့်ဘားနဒ်ဆေးရုံမှာ လူသားအရင်းအမြစ်ပိုင်းဆိုင်ရာ စာရေးမတစ်ဦးအနေနဲ့ အလုပ် လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ ဂျီဘရော်လ်တာကျွန်းဆွယ်မြို့ရဲ့အလှမယ်ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့အလှမယ်ဖြစ်ပြီးနောက် အဲ့ဒီနယ်ရဲ့ ပထမဦးဆုံး ကမ္ဘာ့အလှမယ်အနေနဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ မြို့တော်ဝန်ဖြစ်လာလို့ ပိုမိုကျော်ကြားလာတယ်လို့ဆိုပါတယ်။ သူမကို “ကမ္ဘာ့အလှဆုံးမြို့တော်ဝန်” လို့လည်း ခေါ်ဆိုကြတယ်လို့ သိရပါတယ်။ မြို့တော်ဝန်အသစ်ဖြစ်သူ သူမကတော့ ပြီးခဲ့တဲ့နှစ် ဇွန်လ ဗြိတိန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲပြီးနောက် ဂျီဘရော်လ်တာဟာ အခက်အခဲတွေ ရင်ဆိုင်နေရတာနဲ့အတူ သူမရဲ့အလုပ်က မလွယ်ကူကြောင်း ပြောပါတယ်။  

A d v e r t i s e m e n t With Us

More News
Up