A d v e r t i s e m e n t With Us

ဘာစီ ကွင်းလယ်လူ ရာဖင် ဒူးဒဏ်ရာခွဲစိတ်ရန် ၄ လခန့် အနားယူမည်

ဘာစီလိုနာ ကွင်းလယ်သမား ရာဖင်ဟာအနေနဲ့  ဒူးဒဏ်ရာကို ခွဲစိတ်ကုသရမှာ ဖြစ်တဲ့အတွက် ၄ လလောက် ဘောလုံး ကစားခြင်းကနေ အနားယူရတော့မှာ ဖြစ်ပါတယ်။ ဘရာဇီး လက်ရွေးစင် ရာဖင်ဟာ ဟာ ပြီးခဲ့တဲ့ စနေနေ့က ဂရန်နာဒါအသင်းကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်သမား မကစားနိုင်တာဟာ ဘာစီလိုနာအသင်းအတွက် ထိုးနှက်ချက်လို ဖြစ်ခဲ့ပါတယ်။ ကွင်းလယ်သမားဟာ ဒီနှစ်ရာသီမှာ ခြေစွမ်းပြ ကစားနိုင်ပြီး ဘာစီလိုနာအတွက် ၂၈ ပွဲ ကစားပေးထားပြီး ၆ ဂိုး သွင်းယူထားပါတယ်။ ဘရာဇီး ကစားသမား ရာဖင်ဟာဟာ ဘာစီလိုနာ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာပြီး ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါ ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရ ယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up