ဆီးရီးယားကို အမေရိကန် ဒုံးကျည်တိုက်ခိုက်မှု သည်းမခံနိုင်စရာလုပ်ရပ်ဟု မြောက်ကိုရီးယားပြော

894
အမေရိကန်နိုင်ငံက ဆီးရီးယားနိုင်ငံကို ဒုံးကျည်တွေနဲ့တိုက်ခိုက်မှုဟာ သည်းမခံနိုင်စရာ လုပ်ရပ်ဖြစ်ပြီး ဒီလိုအကြောင်းတွေကြောင့် နျူကလီးယားအစီအစဉ်တွေ ဆက်လက် ဖော်ဆောင်ရတာလို့ မြောက်ကိုရီးယားနိုင်ငံက ပြောဆိုလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းမှာ ဗုဒ္ဓဟူးနေ့က လူ ၈၉ ယောက်သေဆုံးခဲ့တဲ့ ဓာတု အဆိပ်တိုက်ခိုက်မှုလို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုဖြစ်ခဲ့အပြီး နောက်တရက်မှာ အမေရိကန်က ဆီးရီးယားလေတပ် အခြေစိုက်စခန်းတခုကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲတာပါ။
မြောက်ကိုရီးယားနိုင်ငံကို ကုလသမဂ္ဂက နျူကလီးယား လက်နက်စမ်းသပ်မှုတွေ၊ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေ မလုပ်ဖို့ ပိတ်ပင်တားမြစ်ထားပေမယ့်လည်း နျူကလီးယားဒုံးကျည် စမ်းသပ်မှုတွေကို ဆက်လက်လုပ်ဆောင်နေတာပါ။
မြောက်ကိုရီးယားနိုင်ငံက အင်အားပြင်းထန်တဲ့ နျူကလီးယားဗုံးကို စမ်းသပ်အောင်မြင်ခဲ့တယ်။
ဒုံးကျည်ထိပ်ဖူးမှာ တပ်ဆင်ပစ်ခတ်နိုင်ပြီလို့ မြောက်ကိုရီးယား နိုင်ငံက ပြောဆိုနေပေမယ့်လည်း နျူကလီးယားလက်နက် ကျွမ်းကျင်သူတွေကတော့ သံသယဖြစ်နေကြတာပါ။
သောကြာနေ့က အမေရိကန်ရဲ့ တိုက်ခိုက်မှုအတွင်း လူ ၆ ယောက်သေဆုံးခဲ့ပြီး ဆီးရီးယား အစိုးရစစ်စခန်းတခုကို အမေရိကန်ရဲ့ ပထမဆုံးတိုက်ခိုက်မှုဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အရင်ကတော့ ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ် အကြမ်းဖက်တွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်နေခဲ့တာပါ။