လှပသည့်သွင်းဂိုးများဖြင့် စပါးစ်က ၀က်ဖို့ဒ်ကို ၄ ဂိုးပြတ်အနိုင်ရ (ရုပ်သံ)
Published By
DVB | 9 April, 2017
771
0
Share
0
Comment
0
Likes
စနေနေ့ အစောပိုင်းမှာ ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တော့တင်ဟမ် ဟော့စပါးစ်က ၀က်ဖို့ဒ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲနိုင်လိုက်လို့ စပါးစ်အသင်းရဲ့ ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်တွေ ဆက်လက် ရှင်သန်သွားပါတယ်။
ပွဲအစပိုင်းမှာ ၀က်ဖို့ဒ်အသင်း ကစားတာ ကောင်းပေမယ့်လည်း နောက်ပိုင်းမှာ စပါးစ်အသင်းကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။
အိမ်ရှင် စပါးစ်အတွက် ဦးဆောင်ဂိုးကို ၃၃ မိနစ်မှာ အလီက သွင်းယူပါတယ်။ ဒုတိယဂိုးကို ၃၉ မိနစ်မှာ ဒိုင်ယာက သွင်းယူပြီး တတိယဂိုးကို ၄၄ မိနစ်မှာ ဆွန်ဟိုင်မင်းက သွင်းယူပါတယ်။ အပိတ်ဂိုးကိုတော့ ၅၄ မိနစ်မှာ ဆွန်ဟိုင်မင်းက သွင်းယူပါတယ်။
အခုနိုင်ပွဲဟာ စပါးစ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ ၆ ပွဲဆက်တိုက် နိုင်ပွဲရတာ ဖြစ်ပါတယ်။
ဒီပွဲနိုင်တဲ့ စပါးစ်က ၆၈ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၂ မှာ ရှိနေပြီး ဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၇ မှတ်အကွာမှာ ရပ်တည်နေပါတယ်။