A d v e r t i s e m e n t With Us

ကျုးဘားတွင် ကမ္ဘာ့အမြင့်ဆုံးစက်ဘီးစီးရန် ကြိုးစားခဲ့သူကို ရဲက တားဆီး (ရုပ်သံ)

ကျူးဘားနိုင်ငံမှာ ဂရင်းနစ်စံချိန်သစ်ချိုးမယ့် ကမ္ဘာ့အမြင့်ဆုံးစက်ဘီးစီးဖို့ ကြိုးစားခဲ့သူကို ခွင့်ပြုချက်မယူထားလို့ဆိုပြီး ရဲက တားဆီးလိုက်ပါတယ်။ အသက် ၅၃ နှစ်အရွယ် စက်ဘီးစီးသမား ဖီးလစ်စ်ဂူရီယိုလာက ၇.၅ မီတာ (၂၄.၆ ပေ) အမြင့်ရှိတဲ့ စက်ဘီးကို ဟားဗားနားမြို့ရဲ့ ခရီးသွားဧည့်သည်အလာများတဲ့နေရာမှာ စီးပြဖို့ ကြိုးစားခဲ့တာပါ။ ဂူရီယိုလာရဲ့ မူလအစီအစဉ်က စက်ဘီးအမြင့်ကြီးကို မြို့ရဲ့ကက်ပီတော်လ် အဆောက်အဦမရာက်ခင် ၁၀၀ မီတာအထိ စက်ဘီးစီးပြဖို့ပါ။ စက်ဘီးစီးပြရာနေရာကို ကြည့်ရှုသူတွေနဲ့ တရားဝင် ကမ္ဘာ့ဂရင်းနစ်မှတ်တမ်းတင်မယ့်သူတွေ လာရောက်ခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာ ဂူရီယိုလာက သူရဲ့ လက်လုပ်စက်ဘီးတွေနဲ့ ဟာဗားနားမြို့ဟောင်းရဲ့ လမ်းကျဉ်းကျဉ်းလေးတွေထဲမှာ စက်ဘီးစီးအစွမ်းပြခဲ့လို့ ကျူးဘားနိုင်ငံမှာ ဂူရီယိုလာနဲ့ပတ်သက်ပြီး ပုံပြင်သဖွယ် ဖြစ်နေတာပါ။

A d v e r t i s e m e n t With Us

More News
Up