သီဟိုဋ်စေ့အိတ်များဖြင့် ဖုံးအုပ်တင်လာသည့် အပ်ချုပ်စက်ခုံ ကျွန်းပြားများ ဖမ်းမိ
DVB
·
April 8, 2017
ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပုသိမ်-မုံရွာ ကားလမ်းမ မိုင်တိုင်အမှတ် ၈၀ မိုင် ၂ ဖာလံမှာ ခြောက်ဘီးကားတစီးပေါ်ကနေ အပ်ချုပ်စက်ခုံကျွန်းပြားတွေကို ဒီနေ့မနက်က ဖမ်းဆီးရမိခပါတယ်။
ပြည်မြို့နယ် အုတ်ရှစ်ပင်မှ ခြောက်ဘီးကားနဲ့ အပ်ချုပ်စက်ခုံကျွန်းပြားတွေ သီဟိုဋ်စေ့အိတ်တွနဲ့ ဖုံးအုပ်တင်ဆောင်လာကြောင်း သတင်းရလိ့ ကွင်းကောက်နယ်မြေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကွင်းကောက်ဘိနယ် သစ်တော တာဝန်ရှိသူတွေက တင်ဆောင်လာတဲ့ ခြောက်ဘီးကားကို လိုက်လံဖမ်းဆီးရာ လေးမျက်နှာမြို့နယ်ထဲ က မိုင်တန် ၈၀ မိုင် ၂ ဖာလုံ မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ခြောက်ဘီးကားပေါ်မှာ သီဟိုဋ်စေ့ အိတ် ၆၀ နဲ့ ဖုံးအုပ်တင်ဆောင်လာတဲ့ အပ်ချုပ်စက်ခုံကျွန်းပြား ၂ တန်ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကွင်းကောက်ဘိနယ် တောအုပ် ဦးတင်အောင်ဆွေက ဒီဗွီဘီကို ပြောပါတယ်။
ကွင်းကောက်နယ်ရဲတပ်ဖွဲ့စခန်း တပ်ကြပ်ကြီး အောင်ကျော်ဦးက "ဖမ်းဆီးရမိတဲ့ သစ်တွေ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို လေးမျက်နှာမြို့နယ် မြေပေါ်မှာမိတာ ဖြစ်လို့ လေးမျက်နှာမြို့နယ်က သစ်တောရဲတပ်ဖွဲ့ကို ခုဖမ်းဆီးထားတဲ့ စာရွက်စာတမ်းတွေနဲ့ တရားခံတွေကို လေးမျက်နှာကို လွဲပြောင်းပေးမှာပါလို့" ပြောပါတယ်။
သက်သေခံပစ္စည်းတွေနဲ့ ယာဉ်မောင်းအပါဝင် ၃ ဦးကို လေးမျက်နှာ မြို့စခန်းကို ခေါ်ဆောင်ပြီး တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။
သတင်းနှင့်ဓာတ်ပုံ - သန်းထိုက်မြင့်